စာစဉ်စု (၃)။ နိင်ငံရေး သတင်း ထိန်ချန်မှု၏ အကျိုး ဆက် များ။

ဒီစာစောင်မှာ တော့၊ ခေတ်အဆက်ဆက် မြန်မာ အစိုးရများ အပါအဝင်၊ ဒီ နိင်ငံရေးအုပ်စုများ အနေနှင့်၊ ပြည်သူကိုသတင်းဖြန့် ဝေမှု ပြုကြရာမှာ၊ အရေးပါ အကြောင်း အချက်များကို၊ အမှတ်မထင် (သို့ ) ရည်ရွယ်ချက် တရပ်အရ၊ ထိမ်ချန်ထားခဲ့မှု များရဲ့  အကျိုးဆက်တွေ ကို ဆက်လက်ဆွေးနွေး တင်ပြလိုပါတယ်။ ဒီလိုနိင်ငံရေး သတင်း ထိမ်ချန်မှု၊ နိင်ငံရေး ဇတ်လမ်းမြုတ်ကွက် ထားရှိခဲ့မှု (non-transparency) များ ဟာ၊ မြန်မာသမိုင်း တလျှောက်လုံး အစီုးရ အဆက်ဆက်က လွပ်လပ် ရေးရချိန်မှစ၍၊ ပြုခဲ့ ကြောင်း တွေ့ ရပါတယ်။ လက်ရှိ ရိုဟင်ဂျာ(ဘင်္ဂါလီ) ကိစ္စ ရပ်မှာလည်း၊ ယင်းသို့  နိင်ငံရေးသတင်း ထိမ်ချန်မှု များ၊ တိုင်းရင်းသား ရခိုင်အုပ်စု နှင့် ရိုဟင်ဂျာ(ဘင်္ဂါလီ)အုပ်စု နှစ်ဖက်စလုံးမှ ပြုနေကြတာ၊ တွေ့ ရပါတယ်။ ဒီကိစ္စဟာ လေးနက် ကျယ်ပြန့် တဲ့ ကိစ္စ တရပ်ဖြစ်တဲ့ အတွက်၊ အောက်ပါမှတ်တမ်းမှာ နံပါတ်စဉ်ထိုးပြီး ရေးသားသွားပါမယ်။ နောက်ပိုင်းဆက်လက်ဆွေးနွေးတဲ့ အခါ ရည်ညွန်းရ လွယ်ကူအောင်ပါ။

နိင်ငံရေးသတင်း ထိမ်ချန်မှုနှင့် ရိုဟင်ဂျာ(ဘင်္ဂါလီ) ပြသနာ။

အားလုံး မင်္ဂလာပါ။ စာရှုသူများ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ၂၀၁၉ ဖြစ်ပါစေ လို့ ၊ စာရေးသူ (ဦးနေဦး။ ဆစ်ဒနီ) က၊ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပေးပို့ လိုပါတယ်။ စာရေးသူ ၂၀၁၈ စက်တင်ဘာလဆန်းပိုင်း က ပေးပို့ ထားခဲ့တဲ့ စာစောင် မှာ၊ ရိုဟင်ဂျာ သမိုင်း ကြောင်းကို၊ ရခိုင် နှင့် ရိုဟင်ဂျာ အရေး လှုပ်ရှားသူများ နှစ်ဖက်နှစ်ရပ် တင်ပြဆွေးနွေးမှုများ ပြုကြရာမှာ၊ ယင်း နှစ်ဖက်နှစ်ရပ်လုံးမှ၊ အကြောင်းရပ်များစွာကို လိမ်လည် ဝါဒဖြန့် မှုများ လုပ်ဆောင်နေကြကြောင်း၊ မြန်မာလူထုထံ အသိပေး တင်ပြခဲ့ ပါတယ်။ ဒီလို မမှန်သမိုင်းနှင့် လိမ်လည်ဝါဒဖြန့် ချီ မှု ဟာ၊ ဒီမိုကရေစီရေး၊ လွပ်လပ်စွာ ပြောရေးဆိုခွင့် ဘောင် အတွင်းမှာ ရှိနေတဲ့ အတွက်၊ အစီုးရ အနေနှင့် သည်းညီးခံ ၍၊ ပြည်သူလူထုကိုသာ အမှန်သမိုင်းကြောင်းကို၊ တိုက်ရိုက် ပညာပေး သုံးသပ် တင်ပြ ခြင်းဖြင့်သာ၊ တုံ့ ပြန်မှု ပြုရမည် ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

ဒီစာစောင်မှာ တော့၊ ခေတ်အဆက်ဆက် မြန်မာ အစိုးရများ အပါအဝင်၊ ဒီ နိင်ငံရေးအုပ်စုများ အနေနှင့်၊ ပြည်သူကိုသတင်းဖြန့် ဝေမှု ပြုကြရာမှာ၊ အရေးပါ အကြောင်း အချက်များကို၊ အမှတ်မထင် (သို့ ) ရည်ရွယ်ချက် တရပ်အရ၊ ထိမ်ချန်ထားခဲ့မှု များရဲ့  အကျိုးဆက်တွေ ကို ဆက်လက်ဆွေးနွေး တင်ပြလိုပါတယ်။ ဒီလိုနိင်ငံရေး သတင်း ထိမ်ချန်မှု၊ နိင်ငံရေး ဇတ်လမ်းမြုတ်ကွက် ထားရှိခဲ့မှု (non-transparency) များ ဟာ၊ မြန်မာသမိုင်း တလျှောက်လုံး အစီုးရ အဆက်ဆက်က လွပ်လပ် ရေးရချိန်မှစ၍၊ ပြုခဲ့ ကြောင်း တွေ့ ရပါတယ်။ လက်ရှိ ရိုဟင်ဂျာ(ဘင်္ဂါလီ) ကိစ္စ ရပ်မှာလည်း၊ ယင်းသို့  နိင်ငံရေးသတင်း ထိမ်ချန်မှု များ၊ တိုင်းရင်းသား ရခိုင်အုပ်စု နှင့် ရိုဟင်ဂျာ(ဘင်္ဂါလီ)အုပ်စု နှစ်ဖက်စလုံးမှ ပြုနေကြတာ၊ တွေ့ ရပါတယ်။ ဒီကိစ္စဟာ လေးနက် ကျယ်ပြန့် တဲ့ ကိစ္စ တရပ်ဖြစ်တဲ့ အတွက်၊ အောက်ပါမှတ်တမ်းမှာ နံပါတ်စဉ်ထိုးပြီး ရေးသားသွားပါမယ်။ နောက်ပိုင်းဆက်လက်ဆွေးနွေးတဲ့ အခါ ရည်ညွန်းရ လွယ်ကူအောင်ပါ။

မြန်မာ လွပ်လပ်ရေး လှုပ်ရှားမှု မှ စတင်

၁။ ဒီရိုဟင်ဂျာ(ဘင်္ဂါလီ) ကိစ္စ ကို ကြည့်လိုက်ရင်တော့၊ စာရေးသူ ( FAQs 1. http://www.rohingya-faqs.org/faq-01.html ) မှာ ရှင်းပြခဲ့တဲ့ အတိုင်း၊ မြန်မာနိင်ငံ လွပ်လပ်ရေး ရခါစ ၁၉၄၈ ခုမှာ၊ အုပ်ချုပ်ရေး အပြောင်းအလွဲ ( transition ) ချောမွတ်စေရန် အတွက်၊ အဗ္ဗဒူလ်ဂဖါး ( Abdul Gaffar ) နှင် ဆူလတန်အာမက် ( Sultan Ahmed ) တို့ ကို၊ ပါလီမန်အတွင်း ပါဝင်ဆွေးနွေးခွင့် ကို ပေးခဲ့ပါတယ်။ ယင်းတို့ နှစ်ဦး ကတော့၊ ၁၉၄၇ ခု ဧပြီလ မှာ၊ တိုင်းရင်းသားများသာ ပါဝင်ခွင့်ပြုခဲ့တဲ့ နိင်ငံလုံးကျွတ် ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့ပါ။ ဒီမှာ အဗ္ဗဒူလ်ဂဖါး ကတော့ စစ်တကောင်း မြို့ မှာ မွေးဖွားခဲ့ပြီး၊ ဆူလတန်အာမက် ကတော့ မောင်းတောနယ်မှာ မွေးဖွား ကြီးပြင်းခဲ့သူလို့  သိရပါတယ်။ ဒီမှာ နားလည်ထားဖို့ က၊ ၁၈၈၆ သီပေါမင်း ပါတော်မူခဲ့ချီန်က စတင်ပြီး၊ ဗျိတိလျှ နယ်ချဲ့  အစိုးရဟာ၊ အိန္ဒိယ မှ ကုလားများ အကူ အညီ နှင့်သာ မြန်မာပြည် တခုလုံးကို အုပ်ချုပ်နိင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာ စစ်အပြီး၊ ဂျပန်ထွက်သွား ၁၉၄၈ခု ၊ ဗျိတိလျှ ပြန်ဝင်လာချိန်မှာတော့ ကုလားဦးရေ ၂ သန်းခန့်  ရှိနေတယ်လို့  သိရပါတယ် ( ယင်းအချိန် မြန်မာနိင်ငံလူဦးရေ ၂၀ သန်းခန့် )။ အုပ်ချုပ်ရေး မှာဆိုလျှင် ရဲဖက်၊ တရားရုံး နှင့် စစ်ဖက် များမှာပါ အိန္ဒိယ မှ ကုလား လူမျီုးများသာ အဓိက ပင်မ ထမ်းဆောင် မှု ရှိနေခဲ့ ကြောင်း လေ့လာရရှိပါတယ်။

၂။ ဒီ နိင်ငံတရပ် အုပ်ချုပ်ရေး အာဏာ လွဲပြောင်းမှု ( political transition )ဆိုတာကတော့၊ နိင်ငံရေး သဘောတရား မှာ အင်မတန် သီမ်မွေ့ ပြီး၊ အမြင့်ဆုံး အနေအထား တရပ်ဖြစ်ပါတယ်။ နီင်ငံရေးမှာက၊ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက် ဆိုတာ ဒီ အုပ်ချုပ်ရေးအာဏာလွဲပြောင်းမှု တခုအပါအဝင် ဖြစ်နိင်ပါတယ်။ ၁၉၄၈ မှာ မျိုးချစ်စိတ် ရှေ့ တန်းတင်၊ နိင်ငံရေးသမား မြန်မာ အများစုကတော့၊ စိတ်မရှည်နိင်။ ”ဟေ့ ငါတို့ လွပ်လပ်ရေးရပြီ၊ နိင်ငံခြားသား ကုလားတွေ အကုန်မောင်းထုပ်” ကျွှေးကျော် ဆန္ဒပြု နေမှာဖြစ်ပါတယ်။ ၄င်း ၁၉၄၇ ဇန္နဝါရီလ အောင်ဆန်း-အက်တလီ စာချုပ်ပြုစဉ်၊ လန်ဒန်မြို့  လွပ်လပ်ရေး ဆွေးနွေးပွဲ မှာ ဂဠုန်ဦးစော နှင့် သခင်ဘစိန် တို့  နှစ်ဦးဟာ၊ ယင်းစာချုပ်ကို ကန့် ကွက်တဲ့ အနေနဲ့  လက်မှတ် မထိုးခဲ့ တာ၊ အားလုံး သတိရကြမှာပါ။ ဒီ ၁၉၄၈ ခု မြန်မာနိင်ငံ အနေအထား နှင့် သုံးသပ်ကြည့်လိုက်လျှင်၊ လွပ်လပ်ရေးနှင့်၊ အစိုးရ အချုပ်အချာအာဏာလွဲပြောင်းမှုကိစ္စမှာ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ မြန်မာလွပ်လပ်ရေး ပိသုကာကြီး များရဲ့  အမျှော်အမြင် ရှိခဲ့ မှု၊ ဆန္ဒမစော၊ ချင့်ချိန်နိင်သော နီင်ငံရေး သဘောတရား ပြည့်ဝမှု ယင်းတို့ ဆောင်ရွက်ချက်များ ကို၊ စေ့စေ့တွေး မှ ရေးရေးပေါ်ဆိုသလို အထူး လေးစားဖွယ် ဖြစ်ကြောင်း ကောက်ချက်ချ နိင်ပါတယ်။

အမှု့ မဲ့အမှတ်မဲ့ ထိမ်ချန်မှု၊ စာရင်းမှန် ဖုံးကွယ်မှု

၃။ တခုသတိပြုရမှာက၊ မြန်မာ နိင်ငံတွင်း လွပ်လပ်ရေးရပြီး နောက်ပိုင်း၊ နိင်ငံရေးသမိုင်းဆွေးနွေးမှုများ မှာ၊ ဒီ ရီုဟင်ဂျာ(ဘင်္ဂါလီ) အမတ် နှစ်ယောက် အကြောင်း၊ ပြောဆိုရေးသာမှု မတွေ့ ခဲ့ရပါ။ သာမန်ကာ လျှံကာလောက်သာ ဖေါ်ပြမှု ရှိမယ်လို့ ယူဆရပါတယ်။ နိင်ငံရေး သခင်များဖြစ်ကြတဲ့ ဦနု တို့  ဦးသီန်းဖေမြင့် တို့  တစုံတရာ ရေးသားပြောဆိုခဲ့ မှု ရှိခဲ့ပုံမရပါ။ မြန်မာလူမျိုးတွေ အနေနှင့်၊ နိင်ငံရေးမှာ အမှုမဲ့ အမှတ်မဲ့ နေတတ်မှုများကြောင့်လည်း၊ ဒီ ရိုဟင်ဂျာ(ဘင်္ဂါလီ) အမတ် နှစ်ဦးဟာ၊ လွပ်လပ်ရေးရခါစမှာ၊ ဘယ်လို အနေအထား နှင့် ပါဝင်ခဲ့တယ်ဆိုတာ၊ ရှင်းရှင်းလင်းလင်း မှတ်တမ်းမှတ်ရာ မထားခဲ့မှုများဟာ၊ နောက်ပိုင်းမှာ ပြည်သူတို့  နားမလည်နိင်။ ရိုဟင်ဂျာ(ဘင်္ဂါလီ) လူမျီုးစုအနေနှင့်လည်း မြန်မာ အစိုးရများအပေါ် သံသယဖြစ်မှုများ ဖြစ်လာစေတယ်လို့  ယူဆရပါတယ်။

၎။ တဖန်လည်း၊ ဒီအမတ်နှစ်ဦးမှ စတင် သုံးနှုံးခဲ့တဲ့၊ ရိုဟင်ဂျာလူမျီုးစု ဆိုတဲ့ စကားလုံးကို၊ ၁၉၄၈ မှ ၁၉၆၁ အထိ၊ မြန်မာစာနယ်ဇင်းများ၊ စွယ်စုံကျမ်း နှင့် မြန်မာအစိုးရမှ တရားဝင်လက်ခံသုံးနှုံးခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ကြီး ၁၉၆၁ ခု မှာ မောင်းတောမြို့  မူဂျာဟစ်သူပုန်များ လက်နက်ချပွဲ မှာပေးသွားတဲ့ မိန်ခွန်း ကိုဥပမာ အဖြစ် ဖတ်ကြည့် နိင်ပါတယ်။ ( "Documents" http://www.rohingya-faqs.org/node/3 မှာစုဆောင်းတင်ပြထား။)ဗိုလ်ချုပ်နေဝင်း စစ်အစိုးရ လက်ထက်မှာ ဒီ ရိုဟင်ဂျာအသုံးအနှုံး ကို နှစ်ပေါင်း ၄၀ ခန့် လုံးဝ ပြည်ဖုံးကား ချထားခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတာ အမှန် တကယ်မှာ မရှိတဲ့ အကြောင်း၊ ဘယ်သူတဦးတယောက် ကမှ သေသေချာချုာ လေ့လာ စုံစမ်းမှတ်တမ်းတင်မှု မပြုခဲ့ပါ။ ဒီလို နိင်ငံရေး အမှောင်ချမှု ဟာ ၁၉၉၁ နောက်ပိုင်း၊ နိင်ငံတကာမှာ အကြီးအကြယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီကိစ္စကို ဂဃနဏ မသိနိင်ကြတဲ့ နောက်ပိုင်းမှာ၊ သုတေသန ရမ်းရော်ပြုစုသူ မြန်မာ၊ ရခိုင် သမိုင်းဆရာများ ကလည်း "ရိုဟင်ဂျာ ဆိုတာ ရွာဟောင်းကကျား" လို့ ပြောတဲ့ အဆင့်က မတက်ကြတော့ပါ။ အမှန်ကတော့ ၁၉၄၈ ခု မှာ ဂျမေတူဦလီမာ အဖွဲ့ ကနေ၊ ဝန်ကြီးချုပ်ဦးနုထံ တင်ပြချက် စာတမ်း အထောက်အထား တခုတည်း ကပင် ရိုဟင်ဂျာ ဆိုတာ တကယ် မရှိကြောင်း၊ နိင်ငံရေးသဘောတရားအရ တည်ထွင်ခဲ့မှုတခုဖြစ်ကြောင်း၊ သိသာနိင်လောက်ပါတယ်။ ( ဖတ်ရှုရန်။ http://www.rohingya-faqs.org/docs/19481207_jamiatul-ulama.pdf ) ဒီစာတမ်း က မြန်မာနိင်ငံ မှတ်တမ်းရုံးမှာ ၁၉၄၈ ခုထည်းက ရှိနေခဲ့တာဖြစ်ပါတယ်။ နိင်ငံရေးသုံးသပ်သူ တဦးအနေနှင့် ဝေဖန်ရလျှင်တော့၊ မြန်မာ စစ်အစိုးရ (နှင့်လက်ရှိ ဒီမိုကရေစီ အစိုးရ) များ၊ ယင်းစာတမ်းတရပ် အရေးကြီးကြောင်း မသိနိင်ကြတာဟာ၊ နိင်ငံရေးသမိုင်း၊ မြန်မာလွပ်လပ်ရေးသမိုင်း အခြေခံ ညံ့ဖြင်းနုံချာ မှု ကြောင့် ဖြစ်ပါတယ်။

မြန်မာတို့ ၊ ရခိုင်ပြည်နယ် လူဦးရေ စာရင်းဇယား ဖုံးကွယ်လိုမှု အနေအထား

၅။ စာရေးသူ အနေနှင့် ၁၉၄၂ ခု၊ ၁၉၅၅ ခု နှင့် ၁၉၇၃ ခု၊ ရခိုင်ပြည်နယ် လူဦးရေ စစ်တမ်း (သန်းခေါင်စာရင်း) မူရင်းများ ကို ယနေ့ ထက်တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ တွေ့ ရင်၊ ရနိင်ရင် ပို့ ပေးကြပါ။ ဒီ သန်းခေါင်စာရင်း မှတ်တမ်းတွေကတော့၊ အထူးသီးသန့် စိတ်ဝင်စား စရာ ကောင်းတာ အမှန်ပါဘဲ။ ဒီစာရင်းတွေကို၊ လက်ဝယ်ထားရှိသူ မြန်မာများ (အစိုးရ အပါအဝင်)၊ အကြောင်းတရပ်ကြောင့် ထိမ်ချန်ထားသည်လို့ ယူဆရပါတယ်။

၁၉၄၂ ခု လူဦးရေစာရင်းကတော့၊ မြန်မာနိင်ငံ ဗျိတိလျှ အစိုးရ လက်အောက်မှာရှိစဉ်ကာလ ဖြစ်ပါတယ်။ ယင်းသန်းခေါင်စာရင်း ကောက်ယူပြီးချိန်၊ ဒုတိယ ကမ္ဘာစစ်ဖြစ်၊ မြန်မာနိင်ငံ ကို ဂျပန်တပ်များ ဝင်လာခဲ့ပါတယ်။ ယင်းမှတ်တမ်း များကို ဂျပန်စစ်တပ်မှ သီမ်းဆီးသွားခဲ့ပြီး၊ လက်ရှိ ဂျပန် စစ်သမိုင်း မှတ်တမ်းဟောင်းများ နှင့် တကွ၊ တနေရာမှာ ရှိနေနိင်တယ်လို့ ၊ အချီု့ လေ့လာသူများ သုံးသပ်ထားပါတယ်။ ဗျိတိလျှ အစိုးရလက်ထက် မှာ သန်းခေါင်စါရင်း ၁၀ နှစ်တကြီမ် တိတိကျကျ ပြုစုခဲ့တာဖြစ်ပြိး၊ ယခုအခါ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁ နှင့် ၁၉၃၂ ရခိုင်လူဦးရေ စာရင်းကို လန်ဒန် စာကြည့်တိုက် များမှတဆင့် ရရှိနိင်ကြောင်းသိရပါတယ် (စာရေးသူ၏ လက်ရှိ ( "HistoricDocuments" http://www.rohingya-faqs.org/node/4 ) တွင် ဆက်လက် တင်ပေးသွားမည်)။ ယင်းတို့ မှတဆင့် ဘင်္ဂါလီ လုပ်သားများ ရွှေ့ ပြောင်းနေထိုင်မှု အနေအထား ကို လေ့လာရရှိနိင်ပါတယ်။

၆။ ၁၉၅၅ ခု သန်းခေါင်စာရင်း ကတော့ တမျီုးစိတ်ဝင်စားစရာ ကောင်းပါတယ်။ ယင်း စာရင်းဟာ မြန်မာ နိင်ငံ လွပ်လပ်ရေး ရပြီး ပထမ ဆုံးအကြီမ် ကုလသမ္မဂ အကူအညီ နှင့် ကောက်ခံခဲ့တာဖြစ်ပါတယ်။ ပြည်တွင်း ရောင်စုံသူပုန်များ၊ ဆူပူမှုဖြစ်ပွားဆဲ လုံချုံရေး မရှိတဲ့ အတွက်၊ စာရင်းကို ၃ ခါခွဲ ပြိး ကောက်ခဲ့ရကြောင်း မှတ်တမ်းထားရှိပါတယ်။ ဒီမှာ ဦနုအစီုးရလက်ထက်၊ ရိုဟင်ဂျာ စကားလုံး ကို အစိုးရမှ တရာဝင်သုံးစွဲနေဆဲ ဖြစ်၍၊ ယင်း မှတ်တမ်းမှာ “ရိုဟင်ဂျာ“ ပါဝင်နိင်စရာ အကြောင်း ရှိပါတယ်။ တဖန်လည်း ယင်း ၁၉၅၅ ခုစာရင်းကောက်ခံချိန် မှာ ရခိုင်ပြည်နယ်တွင်း နေထိုင်သူ ဘင်္ဂါလီ ထက်ဝက်ခန့် မှ၊ ပါကစ္စတန် နိင်ငံသား အဖြစ် စာရင်းပေးခဲ့တယ်လို့ သိရပါတယ်။ ၁၉၈၂ ခု နီင်ငံသားဖြစ်မှု ဥပဒေမှာ ယင်းတို့ ကို ”ဧည့်နိင်ငံသားများ” အဖြစ် သတ်မှတ်နိင်စရာ အကြောင်းများ ရှိပါတယ်။ မြန်မာ အစီုးရ အနေနှင့် လေ့လာသူများအတွက် ထုပ်ပြန်ပေးသင့်ပါတယ်။

၇။ ၁၉၇၃ ခု သန်းခေါင်စာရင်း မှာ ဆိုရင်တော့၊ ယင်းရခိုင်ပြည်နယ်မှာ၊ ရိုဟင်ဂျာ စကားလုံး ကိုသုံးပြီး စစ်တမ်းကောက်ခဲ့နိင်စရာ အကြောင်းရှိပါတယ်။ တဖန်လည်း ၁၉၇၁ ခု အရှေ့ ပါကစ္စတန် (လက်ရှီ ဘင်္ဂလာဒေရှ် နိင်ငံ) ခွဲထွက် လာချိန်၊ တဖက်နိင်ငံ ပြည်တွင်းစစ်ကြောင့်၊ ရခိုင်ပြည်နယ်တွင် တရားမဝင် ခိုလှုံလာသူ ၅ သိန်း မှ ၈ သိန်းခန့်  အထိ ရှိနိင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာအစိုးရ ထံ တရားဝင် ခိုလှုံသူ ၁၀၀၀၀ ကျော် မျှရှိခဲ့ကြောင်း အချို့ စာတမ်းများကဆိုထားပါတယ်။ ( မြန်မာ အစိုးရမှ ယင်း အချိန် ၁၉၇၁ တွင် ကုသသမ္မဂ အကူအညီ တစုံတရာ မယူခဲ့ပေ။) ထို့ ကြောင့် ၁၉၇၃ ခု စာရင်းကောက်ချိန်မှာ တဖက်နိင်ငံ မှ ခိုလှုံလာသူများရဲ့  စာရင်း ပါ ပါလာနိင်စရာ အကြောင်းရှိပါတယ်။ လက်ရှိ အနေအထား မှာတော့ “ရိုဟင်ဂျာ ဆိုတာ မရှိ (မရှိပါကြောင်း)“ ရှင်းလင်းစွာသိနိင်ကြ ပြီ ဖြစ်တဲ့ အတွက်၊ ယင်း စာရင်းဇယား များ ကို သုတေသန ပြုသူများ အကျီုး အတွက် ဖြန့် ဝေ ပေးစေလိုပါတယ်။

၁၉၉၁-၂၀၁၂ ဗိုလ်ချုပ် စောမောင် နှင့် ဗိုလ်ချုပ်ခင်ညွန့်  လက်ထက်

၈။ ၁၉၉၁ ခုနှစ် ဗိုလ်ချုပ်စောမောင် လက်ထက်၊ ဒီ ရိုဟင်ဂျာ(ဘင်္ဂါလီ) များ နိင်ငံခြားသား သတ်မှတ်၍ လူ ၂၅၀၀၀၀ ခန့်  နှင်ထုတ်ခဲ့မှု နောက်ပိုင်း၊ ကမ္ဘာတဝှမ်းလုံးမှ ယင်း လူမျီုးစုရဲ့  ဒုက္ခ အခြေအနေ အမျီုးမျိုး ကို စတင်သိရှိလာရပါတယ်။ စာရေးသူ (ဦးနေဦး၊ဆစ်ဒနီ) အနေနှင့်ကတော့ ၁၉၉၂-၉၃ မှာ၊ စတင်ပြီး လူ့ အခွင့်အရေးလှုပ်ရှားမှုများကို (human rights) စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီစာရေးသူတို့ ၊မြန်မာပြည်မကြီးနေထိုင်သည့် မြန်မာလူမျိုးများ၊ ၁၉၆၀ နောက်ပိုင်း ဦးနေဝင်းလက်ထက်မှာ ကြီးပြင်းလာသူများ၊ အနေနှင့် ကတော့၊ ဒီ ရီုဟင်ဂျာဆိုတာ လုံးဝ မကြားဖူးကြပါ။ ရခိုင်ပြည်နယ် က မူဂျာဟစ်သူပုန် ဆိုတာ ကိုတော့ ကြာဖူးနားဝ ရှိထားပါတယ်။ အတိအကျ မသိနိင်ပေမဲ့၊ လူ ၂သိန်းခွဲ မြန်မာပြည်မှာ ခိုးဝင်နေထိုင်တယ်ဆိုတာကတော့ လုံးဝမဖြစ်နိင်။ ဗိုလ်ချုပ်နေဝင်း အစိုးရ အနေနှင့် တခုခု လုပ်ထားခဲ့ပြီ ဆိုတာကတော့ စာရေးသူ အနေနှင့် ချက်ချင်းဆိုသလို ရိပ်စားမိခဲ့ပါတယ်။ နောက် ဒီလို လက်နက်မဲ့ ငြိမ်းချမ်းသော ပြည်သူတရပ်ကို ဗိုလ်ချုပ်စောမောင် အစိုးရ တမင် နှိပ်စက်မှုဟာ မတရားသဖြင့်လုပ်ရပ်ဆိုတာ ကောက်ချက်ချခဲ့ပါတယ်။ (၁၉၉၂ ခု စာရေးသူပြုစုခဲ့သော စာစောင်တွင်၊ မြန်မာစစ်တပ်မှ ယင်း နိင်ငံရေး အကျဉ်းအကျပ် ထွက်ပေါက်ရှာလို၍၊ ရိုဟင်ဂျာ မူဆလင် များကို နှင်ထုတ်ခဲ့ကြောင်း ဖေါ်ပြထားသည်။ ဖတ်ရှလေ့လာရန် “http://www.netipr.org/uneoo/file.php?f=u54uFf.Iqe5fv.3“ )။ ဒါကြောင့် စာရေးသူဟာ၊ ဗမာအမျီုးသား ဗုဒ္ဒဘာသာဝင်ဖြစ် သော်ငြားလည်း၊ ဒီရိုဟင်ဂျာ မူဆလင် ဒုက္ခသည် ဆိုသူများ အတွက်၊ ကုလသမဂ္ဂ မှ အကူအညီ ရရှိရေး စတင် လုပ်ဆောင်ပါတယ်။

ဒီမှာ လှုပ်ရှားမှု ဆောင်ရွက်ရာမှာ R2P သဘောလည်း ပါပါတယ်။ လူသားခြင်း စာနာထောက်ထားမှု (humanitarian spirit) အခြေခံသဘောလည်းပါပါတယ်။ နိင်ငံရေးအရဖက်မလိုက် (non-partisan)၊ ဒုက္ခသည်များ ပြသနာဖြေရှင်းရေးကိုသာ ဦးတည် ( apolitical objective ) ရှေ့ ရှရ သဘောတရပ်လည်း၊ ပါပါတယ်။ ဒီမှာ အမေရိကန်၊ အာဆီယံ နှင့် သြစတေးလျှား မှ နိင်ငံရေးသမားများကလည်း သံတမန်ရေးရာ အရ အထိုက်အတန် ကူညီ၍၊ ကုလသမ္မဂ အနေနှင့်လည်း၊ ငြီမ်းချမ်းစွာ ပြသနာဖြေရှင်းလိုမှု ကို လက်ခံ အားပေးခဲ့ပါတယ်။ ၁၉၉၄-၉၇ တလျောက်လုံး၊ ကုလသမ္မဂ အကူအညီ တရပ်ဖြင့် မြန်မာအစိုးရ မှ ယင်းလူမျီုးစု၊ ရခိုင်ပြည် နေရပ်မှန်ကန်သူများ ကို ပြန်လည်စီစစ် လက်ခံမှု ပြုခဲ့ပါတယ်။

၁၉၉၂ မှ ၁၉၉၅ အထိ၊ စာရေးသူ ယင်း ရခိုင်ပြည် ရိုဟင်ဂျာ-ဘင်္ဂါလီများ နေရပ်မှန်ကန် ပြန်လည်လက်ခံနိင်ရေးတွင် ပါဝင် ဆောင်ရွက်ခဲ့ချက်များ အကျဉ်းချုပ်။

စာရေးသူ (ဦးနေဦး၊ဆစ်ဒနီမြို့ ) သည်၊ ယင်း ၁၉၉၀-၉၂ ခုနှစ်များတွင်၊ ရခိုင်ပြည် မှ ရို-ဘင်္ဂါလီ များကို ဗိုလ်ချုပ်စောမောင် အစိုးရ မှ အစုလိုက်၊ အပြုံလိုက် နှင်ထုတ်ခဲ့ ပြီး နောက်ပိုင်း။ ယင်းဒုက္ခသည်များ တဖက်နိုင်ငံတွင်၊ အထူး ဒုက္ခ ရောက်ကြရှာကြောင်း၊ သတင်းများမှဖတ်ရှရ၍။ အထူးစိတ်မကောင်း ဖြစ်ခဲ့ရပေသည်။ ယင်းကာလတွင် ကမ္ဘာ့ကုလသမ္မဂ၊ ဒုက္ခသည်များဆိုင်ရာ ရုံး ( UNHCR ) ဝန်ဆောင်နိင်မှုမှာ၊ ယခှုနှစ်ပိုင်းကာလများကဲ့သို့ ၊ မြန်ဆန်မှု မရှိလှပေ။ ယင်း ရို-ဘင်္ဂါလီများ တဖက်ကမ်း နိင်ငံ တွင်၊ အနေအစား အထူး ကျဉ်းကျပ်၍၊ ထင်းခွေ ရေခပ် ကိစ္စ များမှ အစ၊ တဖက်နိင်ငံသား ဒေသခံများမှ ဆဲဆို ကြီမ်းမောင်းမှုများ ခံကြရကြောင်း၊ စိတ်မကောင်းစွာ ကြားသိခဲ့ရပေသည်။ ယင်းအကြောင်းမှ အရင်းခံ၍၊ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးသို့ ၊ ယင်း ရို-ဘင်္ဂါလီ ဒုက္ခသည်များ အား ကြည့်ရှစောင်မ ပေးကြပါရန်၊ မေတ္တာရပ်ခံချက်များ ၁၉၉၂ တွင်၊ စတင်ပေးပို့ ခဲ့ပေသည်။

ွှဤကိစ္စတွင်၊ သဘောပေါက်ကြရန်မှာ၊ ယင်းအချိန်ပိုင်းတွင် ထိုင်း နယ်စပ်၊ အိန္ဒင်္ယ နိင်ငံ များတွင်လည်း၊ မြန်မာနိင်ငံ မှ၊ အခြားတိုင်းရင်းသားလူမျိုးစု၊ နိင်ငံရေး နှင့်စစ်ပြေး ဒုက္ခသည်များ၊ အများ ရှိနေပြီး ဖြစ်ပေသည်။ သို့ ရာတွင် ယင်းတို့ လူမျီုးစု ဒုက္ခသည်များအတွက်၊ ယင်း လူမျီုးစုများမှ ကိုယ်တိုင်ခေါင်းဆောင် မှုပြု နိင် နေသည့် အနေအထား များ ရှိပေသည်။ မြန်မာအဝေးရောက် ညွန့်ပေါင်းအစိုးရ၊ ကျောင်းသားတပ်ဦး စသည်များတို့ လည်း၊ ယင်းကာလ မာနယ်ပလောဒေသ တွင်သာ ကျဉ်လည် လှုပ်ရှားမှုများ ရှိနေပေသေးသည်။ သိသာရန်မှာ၊ ယင်းအချိန်ကာလ (၁၉၉၂-၁၉၉၅) မြန်မာ နီင်ငံရေး လှုပ်ရှားသူများ ရီု-ဘင်္ဂါလီ ဒုက္ခသည်ကိစ္စ ကို၊ မည်သူတဦးတယောက် ကမျှ၊ ဝင်ရောက်ပါဝင် ပြောဆိုနိင် မှု မရှိခဲ့ပေ။ ဤသည်မှာလည်း၊ နိင်ငံရေး အရ မပါတ်သည်လိုသည့် အနေအထား များ၊ ယင်းလူမျိုးစု လက်ရှိအနေအထားမှန်ကို မခန့် မှန်းနိင်ခဲ့မှုများ ကြောင့် ဖြစ်ပေမည် ဟုသုံးသပ်ထားခဲ့ရပေသည်။

စာရေးသူကား၊ လူသားချင်းစာနာသည့် ဖက်မလိုက်နိင်ငံရေးကိုသာ ရှေ့ ရှုဆောင်ရွက်သူဖြစ်သဖြင့်၊ ယင်း ဒုက္ခသည်များ အတွက် လူမျိုး ဘာသာ မရွေး ဆောင်ရွက် ပေးနိင်သည့် အနေအထားရှိပေသည်။ သို့ ဖြစ်၍ ၁၉၉၂ ခု အောက်တိုဘာလ တွင်၊ ကုလသမ္မဂ နှစ်ပါတ်လည် အစည်း အဝေးသို့ ၊ ယင်း ရို-ဘင်္ဂါလီ များ အရေးကို ဆောင်ရွက်ပေးပါရန်၊ အကူအညီတောင်းခံ စာတမ်းရေး တင်ပြခဲ့ပေသည်။ ယင်းကာလတွင်၊ မြန်မာနိုင်ငံ ပြည်တွင်းရေး အနေအထားကို၊ နိင်ငံတကာမှ သိနိင်သူ နည်းပါး သဖြင့်၊ မြန်မာစစ်တပ် မှ ယင်း ရိုဟင်ဂျာများကို အစုလိုက် မောင်းထုတ်ခဲ့မှု မှာ၊ ယင်းစစ်တပ်ဗိုလ်ချုပ်ကြီး စောမောင် ၁၉၉၀-၉၁ စိတ်ဖောက်ပြန်သွားခဲ့ပြီးနောက်ပိုင်း၊ စစ်အစိုးရ မှ မြန်မာပြည်သူလူထု အာရုံလွှဲ သွားစေရန်၊ နိင်ငံရေးထွက်ပေါက် တရပ် အဖြစ်၊ ဖန်တည်းခဲ့မှုတခု ဖြစ်ဘွယ်ရှိကြောင်း၊ ယင်းစာတမ်းတွင်ထည့်သွင်း တင်ပြခဲ့ပေသည် (အသေးစိတ် ဖတ်ရန်။ http://www.netipr.org/uneoo/burma-action-group-report-to-un )

တဖန်လည်း၊ ယင်း ရို-ဘင်္ဂါလီများ ရခိုင်ပြည်နေရပ် ပြန်လျှင်၊ ကုလသမ္မဂ မှ ဆက်လက် ကူညီစောင့်ရှောက် ပေးပါရန်၊ ကုလ လက်ထောက် အတွင်းဝန် ( Jan Eliasson, http://www.netipr.org/uneoo/to-un-humanitarian-affairs93 ) ထံသို့ ၊ မေတ္တာရပ်ခံစာ များ ပေးပို့ ခဲ့ ပေသည်။ ယင်း အတွင်းဝန် ထံ မှလည်း၊ ကုလသမ္မဂ မှ တတ်နိင်သ၍ ဆက်လက်ကူညီပေးသွား မည် ဖြစ်ပါကြောင်း၊ စာရေးသူထံ တိုက်ရိုက် အမှန် အကြောင်းပြန်ကြားလာခဲ့ပေသည် ( http://www.netipr.org/uneoo/file.php?f=u54uFf.Iqe5fv.7 )။ ထိုစဉ်က ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( Prof. Sadako Ogata, http://www.netipr.org/uneoo/file.php?f=u54uFf.Iqe5fv.304 ) ထံသို့ လည်း ထပ်မံ အကြောင်းကြားစာများ ပေးပို့ ခဲ့ပေသည်။

လူသားအကျီုးဆောင် ဖက်မလိုက်နိင်ငံရေး လုပ်ဆောင်ရာတွင်၊ နိင်ငံတကာမှ ထောက်ခံမှုရရှိရန် အထူးအရေးပါသည် ဖြစ်၍၊ စာရေးသူသည် ယင်းအချိန်က သြစတေးလျှား၊ အမေရိက နှင့် ဥရောပ နိင်ငံတကာ အစိုးရများထံသို့ ၊ တတ်နိင်သမျှ စာတိုစာရှေ ရေးသား ပြီး၊ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ ဒုက္ခသည်များ ကို စောင့်ရှောက်ကြပါရန် ပန်ကြားစာများရေးသားခဲ့ရပေသည်။ ယင်းအချိန်က သြစတေးလျှားနိင်ငံ တွင်း မြန်မာရေးလှုပ်ရှားသူ မြန်မာ အဖွဲ့ အစည်း များ ထံသို့ လည်း ဤကိစ္စ သတင်းဖြန့် ဝေ အကြောင်းကြားပေးခဲ့ ပေသည်။

ယင်း တဖက်နိင်ငံမှ ဒုက္ခသည်များ၊ ရခိုင်ပြည်နေရပ်သို့  ၁၉၉၄-၉၇ နှစ်ပိုင်းများတွင်၊ ကုလသမ္မဂ စီမံချက်ဖြင့်၊ အတန်ပင်အေးချမ်းစွာ ရောက်ရှိနေထိုင်နိင်ကြကြောင်း။ ကုလသမ္မဂ မှလည်း ပြည်တွင်း အချေအနေကို လေ့လာရန်၊ ယင်းဝန်ထမ်း အချို့  (၁၀ ဦးထက် မပိုနိင်) ကိုဆက်လက် တာဝန်ချထားကြောင်းများ၊ ကြားသိရပေသည်။ သို့ ဖြစ်၍၊ စာရေးသူကား ယင်းကိစ္စကို မေ့ပျောက် ထားပြီး၊ အခြား မြန်မာနိင်ငံ ဒီမိုကရေစီ အရေးများကို၊ နောက်ပိုင်းနှစ်များအတွင်း၊ အာရုံစိုက်ထားခဲ့ပေသည်။ စာရေးသူအမြင်မှာ၊ လွပ်လပ်သော ဒီမိုကရေစီ အရေး ရရှိပါက၊ ယင်း ရီုဟင်ဂျာ-ဘင်္ဂါလီများ နိင်ငံသားဖြစ်မှု အနေအထားကို၊ မြန်မာလူမျိုးများ အနေဖြင့်၊ “အေးချမ်းစွာ ဖြေရှင်းနိင်စွမ်း ရှိကြလိမ္မည်” ဟုသာ မျှော်လင့်ထားခဲ့ပေသည်။

၂၀၁၂-၂၀၁၅ နှစ်ပိုင်း၊ ရခိုင် အရေးအခင်းများ ဖြစ်ပွားလာချိန်၊ ရီုဟင်ဂျာ အရေးလှုပ်ရှားသူများမှ၊ နိင်ငံတကာတွင်တင်ပြလာချက်များကို၊ စာရေးသူ တဖန်သိလာခဲ့ရပေသည်။ သို့ ဖြစ်၍ အချိန်ယူပြီး ယင်းလှုပ်ရှားသူများ နှုင့် ဆက်သွယ်စုံစမ်းမှုပြု၍၊ ရိုဟင်ဂျာ တိုင်းရင်းသား ဟုတ်-မဟုတ် မေးခွန်းကို၊ အပြန်အလှန်ဆွေးနွေးသုံးသပ် သုတေသန လုပ်နိင်ခဲ့ပေသည်။ တဖက်တွင်လည်း၊ ယင်း မူဆလင်-ဗုဒ္ဒဘာသာ အရေးအခင်းနှင့် ပြည်တွင်းမငြီမ်သက် အကြမ်းဖက်လာမှုများ အကြောင်းပြု၍၊ မြန်မာစစ်အစိုးရ မှ၊ ဒီမိုကရေစီ ပေါ်ပေါက်ရေး၊ တားဆီးနိင်လာဖွယ်ရှိကြောင်း နိင်ငံတကာမှ စိုးရိမ်လာမှုများ ရှိခဲ့ပေသည်။ ယင်းအတွက် ရိုဟင်ဂျာ နိင်ငံသားမဲ့ ဖြစ်နိင်မှု ကိစ္စ ( statelessness ) အဖြေတရပ် ရရှိရန် စာရေးသူ အနေဖြင့်၊ စေတနာဝန်ထမ်း သုံးသပ်ဆည်းပူး အဖြေရှာမှု ပြုခဲ့ခြင်း ဖြစ်ပေသည်။ လက်ရှိရလဒ် ကို၊ အကျဉ်းချှုံးမျှ ဤ website နေရာတွင် တင်ပြထားပေသည် ( http://www.rohingya-faqs.org/faq-01.html)။

၉။ ဒီမှာ ဒုက္ခသည် အရေးက တနည်းတဖုံ အေးချမ်းမှုရှိသွားတယ် ဆိုပေမဲ့၊ နိင်ငံရေးသဘော အရတော့ မအေးချမ်းပါ။ နိင်ငံတကာ အသိုင်းအဝိုင်း နှင့် ကုလသမ္မဂ အနေနှင့်လည်း၊ နှစ်ပါတ်လည် အစည်းအဝေး ရောက်တိုင်း၊ မြန်မာအစိုးရ ကို ရိုဟင်ဂျာ အကြောင်း မေးမြန်းစုံစမ်းမှုများပြုခဲ့ပါတယ်။ ဒီမှာ ဝန်ကြီး ဦအုန်းဂျော်(1990-1994) နှင့် မြန်မာအစိုးရဟာ “ရိုဟင်ဂျာ ဆိုတာ မရှိ၊ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ မပါဝင်“ ဆိုသည် ကိုပဲ အပ်ကျောင်းထပ် ဖြေကြားမှုပြုခဲ့ပါတယ်။ လွပ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၄၈ - ၁၉၆၁ မှာ မြန်မာအစိုးရ ကိုယ်တိုင် ယင်း “ရိုဟင်ဂျာ“ စကားကို တရားဝင် သုံးစွဲခဲ့ ကြောင်း တခွန်းမျှ မဟခဲ့ပါ။ ဒီမှာ နိင်ငံတကာ အနေနှင့် မြန်မာ အစိုးရများကို ပိုမိုလို့ သာ သံသယဖြစ်စေလာပါတယ်။

ယင်း ရိုဟင်ဂျာ(ဘင်္ဂါလီ) လူမျိုးစု အနေအထား နှင့်ကြည့်လိုက်မည် ဆိုလျှင်လည်း၊ လက်ရှိ ဖိနှိပ်ခံ ရမှုက တကဏ္ဍ။ နောက်ပိုင်းလူငယ်များ ရှေးယခင် လွပ်လပ်ရေး ရခါစ ယင်းလူမျိုးစု အနေအထား သိနီင်ရန် အကြောင်း တစုံတရာမရှိ။ မြန်မာအစိုးရကလည်း လိပ်ပတ်လည်အောင် မရှင်းပြနိင်။ ဒီမှာ ရိုဆရာ ကြီးများ ရဲ့ မမှန်သမိုင်း ဝါဒဖြန့် မှုများကိုသာ၊ ကမ္ဘာလူထု အနေနှင့်၊ သိရှိလာနိင်ရတော့တာဖြစ်ပါတယ်။ အမှန်ကတော့ အထက်က စာပိုဒ် (၄) မှာ ရည်ညွန်းဖေါ်ပြထားတဲ့ ၁၉၄၈ ဂျမေတူအူလီမာ စာတမ်းကို အစိုးရမှ စ တင်ပြ၍၊ အခြေအနေကို ရှင်းလင်းခဲ့မှုများပြုခဲ့လျှင်၊ ယခုလို ရှပ်ထွေးလာစရာ အကြောင်း မရှိပါ။ ပြသနာ ရှပ်ထွေးလာမှုဟာ၊ မြန်မာစစ်အစိုးရ ရိုဟင်ဂျာ အကြောင်း ဆက်လက် ဖုံးဖိထားမှု နှင့် ယင်း နိင်ငံရေး ညံ့ဖြင်းနုံချာမှု များ ကြောင့် ဖြစ်ပါတယ်။

၂၀၁၂ ရခိုင်-ရိုဟင်ဂျာ လှုပ်ရှားသူများ အနေအထား။

(ဆက်လက်ဖေါ်ပြသွားပါမည်။ မြန်မာ နီင်ငံမှ စာရှသူများ ကျေးဇူးပြု၍ ( share, page like ) လုပ်ပေးကြပါ။ ဤနိင်ငံရေး အသိပညာတရပ်ကို ( share ) လုပ်ပေးခြင်းဖြင့် ပြည်သူများ ထံဆက်လက်ဖြန့် ဝေပေးကြပါ။ အထူးကျေးဇူး တင်ပါသည်။ ဦးနေဦး။ဆစ်ဒနီမြီု့ )

၂၀၁၂ ရခိုင်-ရိုဟင်ဂျာ လှုပ်ရှားသူများ အနေအထား

၁၀။ ရခိုင်အရေးအခင်းများ ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ နောက်ပိုင်းမှာ၊ စာရေးသူ (ဦးနေဦ။ဆစ်ဒနီ) အနေနှင့် ယင်းလူမျိုးစု လှုပ်ရှားသူများ ကို တတ်နိင်သ၍ အီးမေး (e-mail) နှင့် ဆက်သွယ်စုံစမ်းမှုများ ပြုခဲ့ပါတယ်။ စာရေးသူဟာ ဗမာအမျိုးသားဖြစ်ကြောင်း၊ ဒုက္ခသည်များ ကူညီရေး ဦးတည်ချက်ဖြင့်၊ ဘက်မလိုက် နိင်ငံရေး လှုပ်ရှားသူဖြစ်ကြောင်း။ ၁၉၉၁-၁၉၉၅ ထိ ယင်း ရိုဟင်ဂျာ(ဘင်္ဂါလီ)ဒုက္ခသည် များ အကူအညီ ရရှိရေး ဆောင်ရွက်ခဲ့ကြောင်း။ စသည်ဖြင့် ကိုယ်တိုင်မိတ်ဆက်ကမ်းလှမ်း ဆွေးနွေးမှုများ လုပ်ခဲ့ပါတယ်။ ယင်းလူမျိုးစု လှုပ်ရှားသူများ ကလည်း၊ စာရေးသူကို ဖေါ်ဖေါ်ရွေရွေ ဆက်ဆံကြတာတွေ့ ရပါတယ်။ စာရေးသူ အဓိကရည်ရွယ်ချက် ကတော့၊ ဒီ ရီုဟင်ဂျာ ဆိုတဲ့ စကား ဘယ်ကစတယ် ဆိုတာ သမိုင်းအခြေခံများ ၊ လက်ရှိ ရွှေ့ ပြောင်းနေထိုင်သူများ အခြေအနေ သိနိင်လာအောင်ပါ။ ၂၀၁၂ မှ ၂၀၁၅ အထိ ( http://www.netipr.org/policy/ ) အပြန်အလှန် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

( မျှဝေစရာတွေ များစွာရှိပါသည်။ အချိန် မရသေးသဖြင့် ဆိုင်းငံ့ထား။)