စာစဉ်စု (၂ )။ ဝှိုက်ကဒ် ( White Card ) နှင့်၊ မြန်မာနိင်ငံ

ပထမအကြီမ် ဖြန့်ဝေ။ ၂၀၁၈- မေ-၁၆။ ပြီးခဲ့တဲ့ လပိုင်း က စာရေးသူ (ဦးနေဦး၊ ဆစ်ဒနီ) မှ ဖြန့်ဝေထား ခဲ့တဲ့ “တိုက်ရိုက်မှန်ကန် ပြည်သူ့ ထံ စာစဉ်စု (၁)” မှာ၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း မှာ မရှိခဲ့တဲ့ အကြောင်း။ ရိုဟင်ဂျာ လူမျှိုး ဆိုတာလည်း မရှိခဲ့ပါ ကြောင်း။ တကယ်ဖြစ်ရပ်မှာတော့ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး ကို၊ ဒုတိယကမ္ဘာစစ် အပြီး၊ ဂျမေတူအူလီမာ အဖွဲ့  အစည်း က၊ ပထမ တီထွင်သုံးစွဲခဲ့ပြီး၊ မြန်မာ အစိုးရ ပိုင်း၊ စာနယ်ဇင်း များမှ ၁၉၆၂ ထိ၊ သုံးစွဲခဲ့ကြကြောင်း။ အမှန် “ရီုဟင်ဂျာ” ဆိုသည်မှာ စစ်တကောင်းသား ဘင်္ဂါလီ များ ကို ရည်ညွန်းပြုသည့်၊ အစားထိုး စကားရပ် တခုဖြစ်ကြောင်း ဆွေးနွေးရှင်းလင်း ခဲ့ကြပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် မြို့ဟောင်းမြီု့  အစရှီသည် တို့ မှာ ရှီနေကြတဲ့ စန္ဒီခန်းဗလီ ကြီးနှင့် အခြားအခြား သော သမီုင်း အထောက် အထား များမှ၊ ရခိုင်ပြည်နယ် မှာ ရှေးယခင် (၁၄၀၀-၁၆၅၀) ခုနှစ်များ တွင် မူဆလင် ဘာသာကိုးကွယ် သူများ ရှိနေခဲ့ ကြောင်း။ ဥပမာ ရှာရှူးဂျာ မင်း နှင့် အတူလိုက်ပါလာသည့် လေးသည် တော် စစ်သားများ ၏ အဆက်အနွယ် ကမန်သား မူဆလင် ဘာသာဝင်များ။ ရခိုင်မင်းများ ကျွန်ပြုထားသည့် မူဆလင်ဘာသာဝင် များ ရှိ နေခဲ့ကြောင်း။ ယင်းတို့ သည် “ရိုဟင်ဂျာ” မဟုတ်ကြောင်း သတိချပ်ကြရန်။ ရခိုင်ပြည်က မူဆလင် ဆိုလိုက်တိုင်း “ရိုဟင်ဂျာ” ဟုလက်ညိုးထိုး မသတ်မှတ်ကြရန်။ တဖက်တွင်လည်း “မူဆလင် ဆိုတာ အင်္ဂလိပ်လက်အောက်မှာဝင်လာတဲ့ ကုလားများဖြန့် ခဲ့သည့် ဘာသာဖြစ်သည်” ဟူသည့်၊ ဘာသာရေး-လူမျိုးရေး အစွန်းရောက် များ မှ၊ နလပိန်းတုံး မမှန် ဝါဒဖြန့် ချက် ကို အားလုံး သတိချပ်ကြရန်၊ ဆွေးနွေးခဲ့ကြပါတယ်။

တဖန်တွင်လည်း၊ သမိုင်းမှတ်တမ်း အရ အထူး ခိုင်လုံမှုရှိ အထောက် အထား တရပ် ဖြစ်သည့်၊ ၁၈၃၃-၁၈၄၄ ခုနစ် ပိုင်း က၊ အမေရိကန် နှစ်ခြင်း ခရိယာန် သာသနာပြုဆရာကြီး ကွန်စတော့ ( Reverend G.S. Comstock )ပြုစုထားသည့် စာတမ်းတွင်၊ လက်ရှိမြန်မာနီင်ငံ အချုပ်အချာ အာဏာ ( National Sovereignty ) တည်သည့် ၁၈၂၄ ခုနှစ်ပိုင်းတွင်၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ မူဆလင် အချို့ ရှိနေခဲ့ကြောင်း။ သို့ရာတွင် ယင်းရခိုင်မင်းများ ကျွန်ပြုထား သည့် မူဆလင်များ အရေအတွက်မှာ ရခိုင်တိုင်းရင်းသာ လူဦးရေ ၏ (၁၀-၁၅) ရာနှံး မျှသာရှိပြီး၊ ယင်း အချိန်မှစတင်၍၊ ဘင်္ဂလား-အိန္ဒိယနယ်မှ ရွေ္ကပြောင်း လယ်ယာလုပ်သား ဘင်္ဂါလီ မူဆလင်များ၊ ရခိုင်ပြည်နယ်သို့  စတင်ဝင်ရောက်လာခဲ့ကြောင်း၊ ဖတ်မှတ်ဆွေးနွေးခဲ့ ကြပါတယ်။

ဒီ စာစဉ် အမှတ် ( ၂ ) နဲ့  နောက်ပိုင်း မှာ တော့၊ လက်ရှိ ရခိုင်ပြည်နယ်ဝှိုက်ကဒ် ( White Card ) ကိုင်ဆောင်သူများ ဟာ၊ မြန်မာနိင်ငံနှင့် တိုက်ရိုက် သက်ဆိုင် သူများ ဖြစ်ကြောင်း။ တဖက်နိင်ငံ မှခိုးဝင်လာသူများ မဟုတ်။ ယင်းတို့ ကို ဦးနု-ဦးနေဝင်း လက်ထက်၊ ၁၉၆၀-၆၂ မှာ မြန်မာပြည်မှ တာဝန်ယူ လက်ခံခဲ့သူများ ဖြစ် ကြောင်း။ အထောက် အထားများ နှင့် ရှင်းပြသွား ပါမယ်။

မြန်မာ နိင်ငံရေး သမားများ “ခွေးသံ” နှင့် “လူသံ” ခွဲခြား သိကြ ရန်

မြန်မာ နိင်ငံရေးခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဲ့သို့ ၊ ပြည်သူ၏ လွပ်လပ်သော မဲဆန္ဒ ဖြင့် ရွေးကောက်တင်မျှောက် ခံထား ရသည့်၊ နိင်ငံကိုယ်စားလှယ်တော်များ၊ သတိပြုကြရန်မှာ၊ အမတ်မင်းများသည် ပြည်သူလူထု တွင်း မှ အသံကို နားထောင် ရမည်။ သို့ဆိုထားချက်ကား မှန်ပေ၏။ သို့ရာတွင် အမတ်မင်းများ တဆင့်တိုးနားလည်ကြရမည်မှာ ထိုအသံများတွင် “ခွေးသံ” နှင့် “လူသံ” ဆိုတာကိုခွဲခြားနိင်ကြရမည်။ “လူ” ဆိုတာက အကျီုးအကြောင်း ဆင်ချင်နိင်၍၊ လူ့အခွင့်အရေး အခြေခံ ရှင်းလင်းပြမှု များကို နားလည်နိင်စွမ်းရှိ၏။ “ခွေးလူ” များကား ယင်းသို့မဟုတ်။ လူမျိုးရေး-ဘာသာရေး အကြောင်းပြ၊ လူနည်းစုကို အနိင်ကျင့်၍ ဗိုလ်လုပ်လိုသူများ ဖြစ်ကြကုန်၏။ ယခုလည်း မူဆလင် ကုလား လူနည်းစုကို၊ နိင်ငံရေး အာဏာပြ၊ မတန်တရား မောင်းထုတ်ရန် ပင် စိုင်းပြင်းကြ၏။

လက်ရှိ ဝှိုက်ကဒ် ကိုင်ဆောင်ကြသူများ ကိစ္စတွင်၊ ယင်းလူမျိုးစုတို့သည်၊ ဦးနု-ဦးနေဝင်း လက်ထက်မှစ၍ အကြောင်း အမျိုးမျိုးကြောင့်၊ မြန်မာနိင်ငံမှ လက်ခံထားခဲ့သူများဖြစ်ကြောင်း၊ မဆွကပင် ရှာဖွေတွေ့ရှိရပြီးဖြစ်သည် (နောက်ဆက်တွဲ စာညွှန်းကိုရှု။)။ ဤအချက်အလက်ကို မျက်ကွယ်ပြု၍၊ ယင်းလူမျိုးစုကို ဘင်္ဂါလီများ ဟု တမင် မောင်းထုတ်ပါက၊ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ် နိင်ငံ မှ လက်ခံနိင်ရန် အကြောင်းတရပ် မရှိပေ။ နိင်ငံတကာမှ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုများ ရှိလာမည်ဖြစ်သည်။

အမှန်တကယ်လည်း နိင်ငံတကာ အရေးအခင်းများမှ ယင်းသို့လူအစုလိုက် ပြောင်းရွှေခဲ့မှုများကို လေ့လာလျှင်၊ ၁၉၉၀-၁၉၉၉ ခု ယခင် ယူဂိုစလာဗီးယား နိင်ငံ မှ၊ စစ်သွေးကြွ လူမျိုးရေး အစွန်းရောက်သူများသည်၊ ကော့ဆိုဗို မူဆလင်များ ကို အစုလိုက် မောင်းထုတ်ခဲ့ မှု (Ethnic Cleansing) တွင်၊ နိင်ငံတကာနှင့် ကုလသမ္မဂ မှ စစ်ရေးအရ တိုက်ရိုက် စွက်ဖက် အရေးယူမှုများ ရှိခဲ့သည်။ ၁၉၉၄ ခု အာဖရိကတိုက် ရဝမ်ဒါနိင်ငံတွင် ဟူးတူး လူများစုက တွတ်ဆီ လူနည်းစုကို လူမျိုးတုံး သတ်ဖြတ် မှုများ (Genocide) တွင် နိင်ငံတကာမှ စစ်ရေးထောက်ပံ့မှု အရ၊ လူနည်းစု တွတ်ဆီ အစိုးရ ကို အာဏာ တည်စေခဲ့ပြီး၊ ဟူးတူးလူမျိုးစု တာဝန်ရှိသူများကို ကုလသမ္မဂ မှစုံစမ်း အရေးယူမှုများ ရှိခဲ့ သည်။ တိမောကျွန်းဆွယ်-အင်ဒိုနီးရှား အရေးတွင် အနှိပ်စက်ခံလူနည်း စု တိမောကျွန်းသားများ၊ အိမ်နီးချင်း သြစတေးလျှား နိင်ငံကို ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်မှုများ (Mass Exodus) မှ အစပြု၍၊ နိင်ငံတကာမှ ဖိအားပေးမှုများကြောင့် တိမောကျွန်း ပြည်သူ့ဆန္ဒခံယူပွဲ ကို အင်ဒိုနီးရှား နိင်ငံ အစိုးရမှ ၁၉၉၉ တွင် ခွင့်ပြုခဲ့ရပြီး၊ ယင်း တိမောကျွန်းကို အင်ဒိုနီးရှားနိင်ငံမှ၊ လွပ်လပ်စွာ ခွဲထွက်ခွင့် ပြုစေခဲ့ရသည်။ နိင်ငံတကာ ငြီမ်းချမ်းရေး တပ်ဖွ္ကဲ များကိုပါ ယင်း တိမောကျွန်းသို့စေလွပ်ခဲ့ရသည်။

ဤအထက်တွင် ဖေါ်ပြထား သည့် နိင်ငံတကာ ဥပမာများကား၊ လူ့အခွင့်အရေး ကို မျက်ကွယ်ပြု၊ ဘာသာရေး-လူမျိုးရေး အစွန်းရောက်များက၊ လူနည်းစုကို နှိပ်စက် မှုများ မှ အစပြု၍၊ အမှိုက်ကစ ပြဿဒ်မီးလောင် ဆိုသကဲ့သို့၊ နိင်ငံတကာ အဆင့် တိုင် ပြဿနာများ ကြီးထွားလာပြီး ပြင်ပစွက်ဖက်မှု လိုအပ်လာခြင်း ကြောင့် ဖြစ်ပေသည်။ လူနည်းစုတရပ် ကို မတော်မတရား နှိပ်စက်မှု များ တွင်၊ တာဝန်သိ ပြည်သူ များ နှင့် စစ်ဖက် အရပ်ဖက် အစိုးရများ မှ ပထမ ဦးဆောင်တားဆီးနိင်ရမည် ဖြစ်သည်။ ဥပမာ၊ မြန်မာနိင်ငံတွင်၊ ဦးသိန်းစိန် အစိုးရလက်ထက် မူဆလင် လူနည်းစု၏၊ နေရပ် အိမ်ယာ နှင့် လုပ်ငန်းများ ဖျက်ဆီးခဲ့မှု မျီုးကို မတားဆီးနိင်ပါက၊ ပြည်တွင်း ငြီမ်ဝပ်ပိပြား မှုကိုထိခိုက်ရုံမျှမက၊ နိင်ငံတော် ငြိမ်းချမ်းရေး နှင့် လက်ရှိ အချုပ်အချာအာဏာ အဓွန့်ရှည်မှု ကိုပါ ထိခိုက်ပြီး၊ မြန်မာနိင်ငံသည် ယူဂိုဆလားဗီယား နိင်ငံ ကဲ့သို့ အစီတ်စိတ် အပိုင်းပိုင်း ကွဲထွက်သည်ကို ကြုံတွေ့ကြရမည်ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရလျှင်၊ ယင်း ဘာသာရေး-လူမျိုးရေး အစွန်းရောက် များကား နိင်ငံရေး အမျှော်အမြင် တွင် “ခွေးတကောင်” လောက် မျှပင်မရှိ။ သို့ဖြစ်၍၊ လက်ရှိ မြန်မာဒီမိုကရေစီ အစိုးရကား ယင်း “ခွေးသံ” ကိုသာနားယောင်၍၊ အစိုးရတရပ်မှ လုပ်သင့်လုပ်ထိုက်သည်များ မလုပ်နိင်ခဲ့လျှင် “ခွေးအစိုးရ” ဘဝကိုသာရောက်ရှိသွားမည်ဖြစ်သည်။

လူသာဓုခေါ်၊ နတ်သာဓုခေါ်။

ကမ္ဘာ့နိင်ငံ အရပ်ရပ်တွင်၊ လက်ရှိ ရီုဟင်ဂျာ-ဘင်္ဂါလီ မူဆလင်များ ကဲ့သို့ နေရပ်စွန့်ပြေးရသည့် ကိစ္စများတွင်၊ နိင်ငံတကာမှ အင်အားသုံး ဖြေရှင်းမှု မပြုပဲ၊ ရှင်းလင်းပြေပျောက် သွားသည် အစဉ်အလာ မရှိပေ။ သို့ရာတွင်၊ဤ ရိုဟင်ဂျာ-ဘင်္ဂါလီ အရေးများတွင် မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိင်ငံ ပူးပေါင်းပြီး ပြသနာကို ပြေလည်စေသည့် အစဉ်အလာများ ရှိထားပေသည်။

ဥပမာ။ ၁၉၇၈-၇၉ နဂါးမင်း လူဝင်မှုကြီးကြပ် စစ်ဆင်ရေး တရပ်တွင်၊ ယခုကဲ့သို့ ဒုက္ခသည် အရေးတရပ် ပေါ်ပေါက်ခဲ့ပြီး၊ ဗိုလ်ချုပ်နေဝင်း အစိုးရမှ၊ ရခိုင်ပြည်နယ် နေရပ်မှန် ဒုက္ခသည်များ ကို၊ မြန်မာအစိုးရ ကိုယ်တိုင် ကမကထ ဦးဆောင်မှုပြု၍၊ ပြန်လည်လက်ခံခဲ့သည်။ ထိုအချိန်ပိုင်း က ဗိုလ်ချုပ်နေဝင်း အစိုးရ ကို လစ်ဗျား-ဆော်ဒီ (သို့) ကုလ-ဘင်္ဂလာဒေ့ရှ် အစရှိသည့် နိင်ငံတကာနှင့် မူဆလင် နိင်ငံများမှ ဖိအားပေးခဲ့သယောင် ရော်ရမ်း ပြောဆိုမှုများရှိခဲ့၏။ ယင်းအချက်မှာ မှန်ကန်မှု မရှိ (မမှန်ကန်)ပေ။ ဤကိစ္စတွင် ဗိုလ်ချုပ်နေဝင်း သည်၊ ယင်း လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သွားခဲ့ပြီး၊ ဘာကြောင့် အချို့ ဒုက္ခသည်များ ပြန်လည်လက်ခံသည် ကို ဦးနေဝင်း ကိုယ်တိုင် သိထားပေသည်။ သို့ရာတွင် နောက်လိုက်ငယ်သား ပြည်သူအများကို ရှင်းလင်းမပြနိင်ခဲ့ပေ။ ( အမှန်ဆိုရလျှင် ဗိုလ်ချုပ်နေဝင်းမှ ဘင်္ဂါလီ ကုလားများကို လူသားချင်းစာနာစိတ် ဖြင့် ယင်းအရေးကိစ္စ ဖြေရှင်းသွားသည် ဟုဆိုချင်း မှာ မြန်မာပြည်သူတို့အဖို့မယုံနိင်ဖွယ်ဖြစ်၏။ ရှေ့လာမည့်စာစဉ်များတွင် ဤကိစ္စ ဆက်လက်ဆွေးနွေးသွားမည်။)

တဖန်လည်း၊ ၁၉၉၁-၉၅ နှစ်များတွင် ဗိုလ်ချုပ်စောမောင် အစိုးရ မှ နှင်ထုတ်ခဲ့သည့် ဒုက္ခသည်များ အရေးတွင်၊ ကုလသမ္မဂ ကြီးကြပ်၍၊ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိင်ငံ သဘောတူညီချက်တရပ်ဖြင့်၊ မူလနေရပ်မှန်ကန်သူများ ကိုပြန်လည် လက်ခံခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့် အစိုးရမှ ဝှိုက်ကဒ်များ ထုပ်ပေးထားခဲ့သည်။ ဤကိစ္စတွင် နိင်ငံတကာ အသိုင်းအဝိုင်း (အမေရိကန်၊သြစတေးလျှား၊ အာဆီယန်) နှင့် ကုလသမ္မဂ မှ မြန်မာအစိုးရ ကို ဖြောင်းဖြ ပြောဆိုမှုများ ရှိထားခဲ့ပေသည်။ ဤ ၁၉၉၁-၉၅ ဒုက္ခသည်များ ပြန်လည်လက်ခံမှု ကိစ္စတွင် ဗိုလ်ချုပ်ခင်ညွန့်အစိုးရအနေဖြင့်၊ လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ယင်းကိုယ်တိုင် ဘာကြောင့် ဤဒုက္ခသည်များ လက်ခံရသည်ကို၊ ကိုယ်တိုင်ပင် မသိ။ နောက်လိုက်ငယ်သား ပြည်သူအများကို ရှင်းလင်းပြနိင်ရန်ကား “ဝေလာမှဝေး” ဆိုသလို ဖြစ်ခြေ၏။ (စာရေးသူ။ ဦးနေဦး၊ဆစ်ဒနီ။ မှ လူ့အခွင့်အရေးလှုပ်ရှားသူ တဦး အနေဖြင့် ဤ ၁၉၉၁-၉၅ ယင်း ဒုက္ခသည်များ ကိစ္စကို တတ်နိင်သ၍ ပံပိုးဆောင်ရွက်ခဲ့ မှုကို နောက်ပိုင်း ကြုံသလို စာရှုသူများထံ ဖောက်သည် ချသွားမည်။)

အစိုးရတရပ် အနေဖြင့် ယင်း အထက်ပါမြန်မာအစိုးရများ၏ လုပ်ရပ် ကဲ့သို့ဒုက္ခသည်များကိစ္စကို တိုက်ရိုက် ဖြေရှင်းနိင်ခြင်း ကား အလွန့် အလွန်ပင် ရှားပါးလှ၏ ။ ယင်းဒုက္ခသည်ကိစ္စ ဟုဆို လိုက်လျှင် နိင်ငံတကာမှ စစ်ရေးဖြင့်စွက်ဖက် ရှင်းလင်း ရသည်သာ များ၏ ။ ဤကိစ္စကို မြန်မာအစိုးရမှ ယင်းကဲ့သို့ဖြေရှင်းနိင်မှု၊ ဖြေရှင်းရန်ကြိုးစားအားထုတ်မှုများ ကား၊ အစိုးရတရပ် အနေဖြင့် လူသားချင်းစာနာသည့် သဘောတရပ်ဖြစ်၍၊ “လူသာဓုခေါ် နတ်သာဓုခေါ်” ဆိုသည်ကဲ့သို့ပင်ဖြစ်၏။ ယင်းကြောင့်ပင်လျှင်၊ ၂၀၁၇ နိုဝင်ဘာ-ဒီဇင်ဘာလ တွင် မြန်မာအစိုးရ မှ ရှေ့ဆောင်ဦးစီး ပြုခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပြန်လည်နေရာချထားရေးနှင့် ဖွံဖြိုးရေးစီမံကိန်း ( Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine State) ကို ဘင်္ဂလာဒေ့ရှ် နှင့် မူဆလင်နိင်ငံများ အပါအဝင် နိင်ငံတကာအသိုင်းအဝိုင်း မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြခြင်း ဖြစ်ပေသည်။

လက်ရှိမြန်မာအစိုးရ အနေဖြင့်၊ နေရပ်မှန်ဒုက္ခသည်များ ပြန်လည်နေရာချထားရန် စီစဉ်နိင်မှုသည် ကောင်းမြတ်လှပေ၏။ သို့ပင်ဆိုငြားလည်း၊ ဤကဲ့သို့ အရေးကြီးသည့် နိင်ငံရေးဆုံးဖြတ်ချက်တရပ် ကို ချမှတ်၍ အကောင်အထည် ဖေါ်ကြရာတွင်၊ အစီုးရတွင်း အုပ်ချုပ်သူများ ကိုယ်တိုင်ပင် နားလည်ကြဖို့ အရေးကြီး၏။ ပြည်သူကို လည်း အသိပေး၊ ပညာပေး ဖေါ်ဆောင်နိင်ရန်ကား အထူးတလည် ပင် အရေးကြီးလှပေ၏။ ဥပမာ၊ ဤ ကိစ္စ တွင် နိင်ငံတကာ မှ လေးစားရင်းစွဲ ရှိသည့် ကိုဖီအာနန် ကဲ့သို့ လူပုဂိုလ္လ်က ညွန်ပြ၍ လုပ်ဆောင်ခဲ့ပါသည် ဆိုသည့် အနေအထားမျိုးကို မြန်မာလူမျိုးတို့  လက်ခံရန် အကြောင်း တစုံတရာ မရှိပေ။ ယင်း ဝှိုက်ကဒ် ကိုင်ဆောင်သူများ သည် မြန်မာ့နိင်ငံရေး သမိုင်းကြောင်း တလျှောက် မည်ကဲ့သ္ကို ကြုံတွေ့ဖြတ်သန်း ခဲ့ကြရသနည်း။ ယင်းလူမျိုးစု အဘယ်ကဲ့သို့ မြန်မာ နိင်ငံ နှင့် ဆက်ဆိုင်ခဲ့၍၊ လက်ရှိ နိင်ငံမဲ့ အနေအထား ( Statelessness ) မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်း။ စသည့် အရေးကြီး သည့် အခြေခံမူလ အချက်အလက်များ ( Root causes )ကို၊ အစိုးရ နှင့် တကွ ပြည်သူအများပါ သေချာစွာလေ့လာ သုံးသပ် နားလည်နိင် ကြရပေမည်။ သို့မှသာလျှင် “ဂျာအေး သူ့အမေရိုက်” ဆိုသလို ဖြစ်နေခဲ့သော၊ မြန်မာ-ရခိုင် နှင့် ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ များ နိင်ငံရေး ရှူတ်ထွေးနေမှုများ၊ နှင်ထုတ်-လက်ခံ သံသရာများ အဆုံးသတ်နိင်ကြမည် ဖြစ်ပေသည်။

စာရှုသူများ၏ အခန်းကဏ္ဍ

စာရေးသူ (ဦးနေဦး၊ ဆစ်ဒနီ) စာအမှတ် (၁) တွင်၊ ဆိုခဲ့သည့် အတိုင်း။ ဤကဲ့သို့ နိင်ငံရေး အသိပညာတရပ် ( Political Knowledge ) ကို မျှဝေရာတွင်၊ လက်ရှိနိင်ငံရေး သမားများ၊ နိင်ငံ အုပ်ချုပ်သူများ၊ ယင်းလူမျီုးစု နှစ်ဖက်နှစ်ရပ် မှ လှုပ်ရှားလုပ်ဆောင် နေကြသူများ ကို အားထား၍ မရနိင်ပေ။ စာရှုသူ လူကြီးမင်းများ ကိုယ်တိုင်သာ မှန်၊မမှန် သုံးသပ် ဆုံးဖြတ်၍၊ ဆက်လက် ဖြန့်ချီ ( Like, Share )လုပ်ပေးသွားရန် ပန်ကြား အပ်ပါသည်။ စာရေးသူ သည် ဤ ရိုဟင်ဂျာ-ဘင်္ဂလီ ဒုက္ခသည်များ ကိစ္စကို၊ မည်သည့် အဖွဲ့အစည်း ကိုမျှ ကိုယ်စား မပြု (မပြု) ၊ မည်သည့်အဖွဲ့အစည်း ထံမှ ငွေကြေး ထောက်ပံ့မှု တစုံတရာလည်း ရယူခဲ့မှု မရှိ (လုံးဝမရှိ)၊ ယင်း ဒုက္ခသည်များ ကိစ္စ ပြေငြိမ်းနိင်ရေး ကို ဦးတည်၍ တကိုယ်တော် စေတနာဝန်ထမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ စာရှုသူအား ပြည်သူအများ ( Share လုပ်၍) ကူညီမှ သာ ဤကိစ္စ အထမြောက်နိင်ပါသည်။

စာရေးသူ ယခင်ဖေါ်ပြထားပြီးသည့် အတိုင်း၊ ဤကိစ္စ များကို ၂၀၁၂-၂၀၁၅ နှစ်များ အတွင်း၊ လက်လှမ်းမှီရာ ယင်း လူမျိုးစုအရေးလှုပ်ရှားသူ “ရို” ဆရာ့ဆရာကြီးများနှင့် ဆွေးနွေးခဲ့၍၊ နိင်ငံရေး အဖြေတရပ် ကို ရှာဖွေ တွေ့ရှိ မှတ်တမ်းတင် ထားခဲ့ပြီး ဖြစ်သည်။ ယင်တွေ့ရှိချက်များကို အင်္ဂလိပ်ဘာသာဖြင့် စာတမ်းများ မှတ်တမ်း တင် ထားရှိပါသည်။ လက်ရှိမြန်မာဘာသာဖြင့် ဆွေးနွေးမှု ကို၊ အချိန်ရသလိုသာ ဆောင်ရွက်နိင်၍ ၊ ဤကိစ္စ အဆောတလျှင်ပင် သိရှိလိုသူများ အင်္ဂလိပ်ဘာသာ ဖြင့် ပြုစုထားသော စာတမ်း များကို အောက် ပါအတိုင်း ဆက်လက် ဖတ်ရှုနိင်ပါသည်။ အင်္ဂလိပ်ဘာသာရပ် ကိုလက်လှမ်း မမှီသူများ အတွက် စာစဉ် ( Update )များ ဆက်လက် ရေးသား ဖြန့်ဝေပေးသွားမည်။

အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသော “ရိုဟင်ဂျာ-ဘင်္ဂါလီ” ဆိုင်ရာ စာတမ်းများ PDF downloads
(က) Arakan Migration After First Anglo-Burman War (18/8/2014) http://www.netipr.org/policy/node/39
ဤစာတမ်းတွင် “ရို” အရေး လှုပ်ရှားသူများမှ မမှန်သတင်းလွင့်မှုတရပ် ဖြစ်သည့် “လက်ရှိ ရိုဟင်ဂျာ များ သည် ရခိုင်ပြည်တွင် ရှေးယခင် ရခိုင်မင်းများလက်ထက် နေထိုင်ခဲ့ကြကြောင်း။ အင်္ဂလိပ်ခေတ် ရွှေ့ပြောင်းလာသူများ မဟုတ်ကြောင်း။” ပြောဆိုမှု များ မှာ မဟုတ် မမှန် (မမှန်ကန်) ကြောင်း။ မြန်မာ အစိုးရ (ဦးမြင့်သိန်း) နှင့် ကွန်စတော့ တို့၏ သမိုင်း အထောက်အထား များဖြင့် နီင်းယှဉ် သုံးသပ် ရှင်းလင်း ပြထား သည်။
(ခ) The Profile of Community (19/4/2015) http://www.netipr.org/policy/node/46
ဤစာတမ်းတွင်၊ ရခိုင်ပြည်နယ် ၂၀၁၄ နှင့် ၁၉၈၂ မြန်မာအစိုးရ၏ လူဦးရေ စာရင်း များမှ ၁၉၅၃ ရခိုင်ပြည်နယ် မူဆလင် နှင့် ဗုဒ္ဒဘာသာ လူဦးရေများ ကို ခန့်မှန်းခဲ့သည်။ ယင်း တွက်ချက်မှုများမှ ရခိုင်ပြည်နယ်တွင် ထူးချားသည့် မူဆလင် လူဦးရေ ပြောင်းလဲနှုံး တရပ် မရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မြန်မာနိင်ငံ လွပ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုမှ စ၍၊ အခြားနိင်ငံဖက်မှ လူဦးရေ အလုံးအရင်းဖြင့် ဝင်လာမှုများ မရှိ (လုံးဝမရှိ) နိင်ကြောင်း သုံးသပ်ထားသည်။
(ဂ) A Snapshot of Community in 1960s (15/8/2015) http://www.netipr.org/policy/node/50
ဤစာတမ်းတွင်၊ “ရိုဟင်ဂျာ” အသုံးအနှုံးကို ၁၉၄၈ ခုနှစ် Jamaitul Ulema အဖွဲ့မှစတင် အသုံးပြုခဲ့ ကြောင်း။ ယင်း မေယုပြည်နယ် ရှိ မူဆလင်များ အားလုံး ကို ၁၉၆၀ ခုနှစ်တွင် ဦးနု-ဦးနေဝင်း ယာယီအုပ်ချုပ်ရေး ကာလ တွင်၊ မြန်မာနိင်ငံ မှ ဆက်လက် တာဝန်ယူသွားရန် ဆုံးဖြတ်နိင်ခဲ့ကြောင်း သုံးသပ် တင်ပြထားသည်။
(ဃ) Burma and Bangladesh: A Strategy to Combat Statelessness (14/12/2014) http://www.netipr.org/policy/node/42
ဤစာတမ်းတွင်၊ မြန်မာ နှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိင်ငံ အစိုးရ များ သို့၊ မြန်မာနိင်ငံတွင်း နှင့် ပြည်ပရောက် နိင်ငံမဲ့သူများ ကိစ္စ ကို ကုလသမ္မဂ နှင့် နိင်ငံတကာ အဖွဲ့အစည်းများ အကူအညီဖြင့် ဖြေရှင်းသွားနိင်ရန်၊ မူဝါဒ အကြံပြုချက် တရပ် ပြုစုတင်ပြထားသည်။