စာစဉ်စု (၁)။ ဘင်္ဂါလီ (ရိုဟင်ဂျာ) များ အကြောင်း သိနိုင်ဘွယ် အကျဉ်းချုပ်။

ဘင်္ဂါလီ (ရိုဟင်ဂျာ) များ အကြောင်း သိနိုင်ဘွယ် အကျဉ်းချုပ်။ ပထမ အကြီမ် ဖြန့်ဝေ။ ၁၅-၂-၂၀၁၈။ စာအမှတ် (၁)။

မြန်မာ လူထု နှင့် တကွ ၊ ဒီမိုကရေစီ အစိုးရ နှင့် စစ် ရေး၊ နိင်ငံရေး အဖွဲ့  အစီး များ အားလုံး ၊ ၄င်း ရိုဟင်ဂျာ ခေါ် ဘင်ဂါလီ များ သမိုင်း ကြောင်း ကို သိသာ လေ့လာနိင် ကြရန် တင်ပြထား ပါသည်။ ဤစာစဉ် ( faqs 01 - 05 ) မှာ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ နိင်ငံရေးပြသနာ၏ ၊ အဖြေတရပ် အဖြစ်၊ စာရေးသူ ( ဦးနေဦး။ ဆစ်ဒနီမြို.) ကိုယ်တိုင် သုတေသန ပြုထားချက်များ ကို၊ အကျဉ်းခြုံး တင်ပြထား ခြင်း ဖြစ်သည်။ မိမိ တိုင်းပြည် နိင်ငံရေး သမိုင်းကြောင်း ကို သေသေချာချာ ဂဃနဏ မလေ့လာပဲ၊ ထင်ရာမြင်ရာ ပြောဆိုလုပ် ဆောင် ပါက၊ ပြသနာများ ကြီးထွားလာပြီး၊ နိင်ငံတကာမှ အရေးယူ ခြင်း ခံရမည်။

Rohingya Exodus 1991 Asiaweek

ဘင်္ဂါလီ (ရိုဟင်ဂျာ) များ အကြောင်း သိနိုင်ဘွယ် အကျဉ်းချုပ်။

၁။ ဗိုလ်ချုပ် စောမောင်လက်ထက်၊ ၁၉၉၂ ခု ဝန်ကြီး ဦးအုန်းဂျော် မှ စ၍၊ မြန်မာ အစီုးရ အဆက်ဆက် မှ၊ ရိုဟင်ဂျာ လူမျိုး ဆိုတာ မြန်မာ ပြည်တွင် မရှိကြောင်း ကုလ သမ္မဂ တွင် ထွက်ဆို မှု မှာ မှန်ကန် ( အမှန်အကန် ) ထွက်ဆိုချက် ဖြစ်ပါသည်။ ရီုဟင်ဂျာ ဆိုသည်မှာ ဘင်္ဂါလီ ကို ဆိုလိုခြင်းပင်ဖြစ်၍၊ ဖဆပလ အစိုးရလက်ထက်၊ ဝန်ကြီးချုပ် ဦးနု အပါအဝင်၊ ဗိုလ်ချုပ် အောင်ကြီး နှင့် စာနယ်ဇင်း များ မှ၊ နိင်ငံရေး အရ မျက်နှာထောက်ထားပြီး၊ ယင်း "ရိုဟင်ဂျာ" အသုံးအနှုံး ကို သုံးစွဲခဲ့ကြောင်း အထောက်အထား များ တွေ့ရပါသည်။ website အသေးစိတ် ဖတ်ရန် (faqs 01 & 02 ) ။

၂။ စစ်အစိုးရ လက်ထက် နှင့်၂၀၁၂-၂၀၁၇ ရခိုင်ပြည်နယ် တွင်း ၊ တဖက်နိင်ငံမှ ခိုးဝင်နေထိုင်သူများ မရှိ ( မရှိ ) ပါ။ ယင်း သုံးသပ်ချက် မှာ ၂၀၁၄ ခုနှင့် ၁၉၈၂ ခု မြန်မာ အစိုးရများမှ ထုတ်ပြန်သည့် တရားဝင် လူဦးရေ ( white cards ) သန်းခေါင် စာရင်းများမှ တွက်ချက် ရရှိ ပြီးဖြစ် သည်။ အသေးစိတ် ဖတ်ရန်။ http://www.netipr.org/policy/node/46

၃။ မြန်မာနိင်ငံ လွပ်လပ်ရေး မရမီ၊ ၁၈၂၄ မှ ၁၉၄၈ အထိ၊ ရခိုင်ပြည်နယ်တွင်း ဗျိတိလျှ လက်အောက် ရွှေ့ပြောင်း နေထိုင်သည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ဦးရေးမှာ ၃၀၀-၀၀၀ ( ၃ သိန်း ) ရှိနိင်ပြီး၊ ယင်း တို့ ကို ၁၉၄၇ ခု ဖဆပလ မှ ရေးဆွဲ အတည်ပြု ခဲ့သည့် နိင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ခိုးဝင်လာသူများ ဟု မသတ်မှတ် ( မသတ်မှတ်ရ ) ။ ယင်း ( ၃ သိန်း ) မှ ယခုလက်ရှိ white cards လူဦးရေတိုးပွား မှု မှာ ပုံမှန် ဖြစ်၍၊ ၁၉၄၈ ခုမှ ၁၉၈၂ ခု အတွင်း ခိုးဝင်လာသူများ မရှိ ပါ။ အထက်ပါစာ တမ်း ကို ရှု။

၎။ ဦးနု၊ ဦးနေဝင်း လက်ထက်မှစ၍၊ ယင်း ဘင်္ဂါလီ-ရိုဟင်ဂျာ အရေးကို အစိုးရအဆက် ဆက်မှ၊ ဖုံးကွယ်ထားခဲ့ သည်။ ဦးသိန်းစိန် အစိုးရ လက်ထက် ( ၂၀၁၂ ) တွင် ယင်းကိစ္စ ကို နိင်ငံရေး အရ ပွင့်လင်းစွာ မဖြေရှင်းနိင်၍ ၊ ကုလား - ဗမာ ရန်တိုက်ပွဲဆင်ကာ လမ်းကြောင်း လွဲထားခဲ့သည်။ ( faqs 03-04 ကိုရှုပါ။ )

၅။ လက်ရှိ ဒီမိုကရေစီ အစိုးရ လက်ထက်တွင်၊ ယင်း white-cards များ နိင်ငံသား စီစစ်ရေး ကိစ္စ ကို လျစ်လျူရှု ထားခဲ့ ပြီး၊ ယခုကဲ့သို. နိင်ငံတကာ ပြဿနာ တရပ် ပေါ်ပေါက်ခဲ့ရသည်။ ( faq 05 ကိုရှုပါ။ )။

(ဂ) :-) Ko Maung Maung ထံ ပြန်ကြားချက်။ ဆွေးနွေးချက်များ ဆက်လက် ဖြန့် ဝေပေးနိင်မှုကိစ္စ။ ဖြန့်ဝေ။ ၂၉-၃-၂၀၁၈။

ဆွေးနွေးချက်များ ဆက်လက် ဖြန့် ဝေပေးနိင်မှုကိစ္စ။ စာရေးသူ အနေဖြင့် လက်ရှိ ရိုဟင်ဂျာ အကြောင်းဆွေးနွေး ထားချက် များ ကို ပုံနှိပ် ထုတ်ဝေသွား ရန် မူလ ရည်ရွယ်ချက် မရှိပါ။ သို့ ရာတွင် စာဖတ်ရှသူများ အလွယ်တကူ ကူးယူဖတ်ရှနိင်သည့် (pdf format ) အဖြစ် ဖန်တည်း တင်ပြနိင်ရန် ရည်ရွယ်ချက် ရှိပါသည်။

လက်ရှိ အခြေအနေအရ၊ ဒီရိုဟင်ဂျာ ကိစ္စ အမှန်တရား တရပ်ကို ပြည်သူ့ ထံ တိုက်ရိုက် ရောက်ရှိ ရေး အထူး အရေးကြီး နေပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ဒီ နိင်ငံစွန့် ပြေး ဒုက္ခသည်များ ကိစ္စ ကို အကြောင်းပြ ခုတုံးလုပ်ပြီး၊ အဖက်ဖက် မှ နိင်ငံရေး အခွင့်ကောင်း ယူမှုများ၊ ရှိလာနိင် သောကြောင့် ဖြစ်သည်။

ဥပမာ။ ရီုအရေး လှုပ်ရှားသူများ များ မှ၊ နိင်ငံတကာ မှတဆင့် ယင်းတို့  လူမျိုးစု မြှင့်တင်ရေး အမြင်တခု ဖြင့်၊ မြန်မာနိင်ငံမှ “ရိုဟင်ဂျာ” ကို တိုင်းရင်းသား အဖြစ် သတ်မှတ်ရေး အတွက် မြန်မာ အစိုးရ တရပ် လုံး အား ဖိအားပေး ဆောင်ရွက်လာနိင်မှုများ ရှိနေပါသည်။ မြန်မာလူထု အနေဖြင့်၊ ယင်း “ရိုဟင်ဂျာ” လူမျိုး မရှိ (လုံးဝမရှိ) ကြောင်း၊ မြန်မာလွပ်လပ်ရေး သမိုင်းကြောင်း အရ ယင်း စကားရပ်တခုကို တီထွင် ၍၊ ၁၉၄၈ မှ ၁၉၆၂ ထိ သုံးစွဲခဲ့ ကြောင်း များကို၊ သေသေချာချာ ဂဃနဏ သိထားကြရပါမည်။ မြန်မာလူထုဟု ဆိုရာတွင်၊ မြန်မာအစိုး ရတရပ်နှင့် အရပ်ဖက်၊ စစ်ဖက် နိုင်ငံ ရေးသမား အားလုံး ပါဝင်ပါသည်။

တဖက်တွင်လည်း၊ ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့်၊ (white card) မူဆလင် ဒုက္ခသည်များအား၊ မြန်မာနိင်ငံမှ မလွဲမသွေ ပြန်လည်လက်ခံရပေမည်။ ဤကိစ္စတွင်၊ မြန်မာနိင်ငံတွင်း လက်ရှိ ရခိုင် အမျိုးသားဝါဒီ အစွန်းရောက်များ၊ မ.ဘ.သ နှင့် မူဆလင် မုန်းတည်းရေး ဝါဒ ကိုင်စွဲသူ များ မှ၊ လက်ရှိနိင်ငံစွန့် ပြေး ( white card ) ဒုက္ခသည်များ ပြန်လည်လက်ခံမှုပြု ရာတွင်၊ အာဏာပြ နှောက်ရှက် လာနိင် စရာ အကြောင်း များ ရှိပါသည်။ ယင်း ( white card ) များမှာ၊ မြန်မာနီင်ငံ နှင့် တိုက်ရိုက် သက်ဆိုင် တာဝန် ရှီသည့် အနေအထား ကို၊ ပြည်သူ တရပ်လုံး သေချာစွာ နားလည်ထားကြရပေ မည်။ ရှေ့ လာမည့် စာစဉ်များ တွင် ယင်း (white card) များ အကြောင်း၊ အသေးစိတ် ရှင်းလင်း ဖေါ်ပြသွားမည်။ ပြည်သူတရပ်လုံးမှ ယင်းကိစ္စ နားလည်ထားမှသာလျှင်၊ ယင်း အမျိုးသားရေး အစွန်း ရောက်များ မှ ဝါဒဖြန့် ချီ တိုက်ခိုက်လာမှု များ ကို တုံ့ ပြန် နိင်ပေမည်။ ဤသည့် အကြောင်းများကြောင့်၊ ယင်း “ရိုဟင်ဂျာ သမိုင်းမှန် တရပ်” ကို ပြည်သူလူထု လက်ထဲအရောက်၊ တာဝန်သိသူတိုင်း မှ နိင်ငံရေး အမျော်အမြင်ရှိစွာဖြင့် ကူညီဖြန့် ဝေပေး ကြရန် အကြောင်းရှိပေသည်။

မြန်မာတို့ ၏ နိင်ငံရေး အမြင်ကျဉ်းမြောင်းမှု

မြန်မာနိင်ငံရေးသမား များ အထူးသဖြင့် သတိချပ်ရန်မှာ၊ ယင်း “ရိုဟင်ဂျာ” နှင့်ပါတ်သက်သည့် ဆွေးနွေးမှုများ ကို၊ စာရေးသူ (ဦးနေဦး၊ ဆစ်ဒနီ ) အနေဖြင့် ၂၀၁၅ ခု မှစ၍၊ အင်တာနက် ဝဘ်ဆိုက် တွင် မည်သူမဆို ဖတ်ရှနိင်ရန် တင်ထား ပြီး ဖြစ်သည်။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ အာဏာ ရလာပြီး နောက်ပိုင်း၊ ယင်း (white cards) ကိစ္စ အရေးယူဆောင်ရွက် ပြီး၊ ပြည်သူလူထုကို ယင်း အစိုးရတရပ် အ နေဖြင့်၊ ဤကိစ္စ ပညာပေး ဖြန့် ဝေမှု ပြုရန် ကို ပါ စာရေးသူ အနေဖြင့် ပန်ကြားထားခဲ့သည်။ သို့ ရာတွင် မည်သီု့ မျှ ဆောင်ရွက်မှု ပြုသည်ကို မတွေ့  ခဲ့ရပေ။ ဤသည်မှာ အမျီုသားဒီမိုကရေစီအဖွဲ့  နိင်ငံရေး သမားများ အနေဖြင့်၊ နိင်ငံရေး ညံ့ဖြင်းနုံချာမှု၊ နိင်ငံရေး အမြှော်အမြင် နည်းပါးမှု နှင့် အမြင်ကျဉ်းမြောင်းမှုများ ရှိနေခြင်း ကြောင့် ဖြစ်ပေသည်။

တဖက်တွင်လည်း၊ နိင်ငံတကာ တွင်ရှိ “ရို” အရေးလှုပ်ရှားသူ တို့ နှင့်၊ ဆရာ့ ဆရာကြီးများ ထံ၊ ယင်းသမိုင်းမှန်တွေ့ ရှိချက်ကို ၂၀၁၅ မှပင် ဖြန့် ဝေထား ပေးပြီး၊ အမှန်တရား လက်ကိုင်ထား ၍၊ ပြဿနာများ ဖြေရှင်းရန်၊ အထူးသဖြင့် မြန်မာနိင်ငံ အတွင်း ( white card )များ မှတ်ပုံတင် အမှန်ရရှိ ရေး၊ နိင်ငံမဲ့ အနေအထား (statelessness) ပပျောက်စေရေး တို့ ကို ဦးစား ပေး ဆောင်ရွက် ပေး ကြပါရန်၊ ပန်ကြားထား ခဲ့ ပေသည်။ သို့ ရာတွင် ယင်း “ရို” အရေးလှုပ်ရှားသူများ၊ အမှန်သမိုင်း ကို မသိမျက်ကွယ်ပြု၊ ယင်း မမှန်ဝါဒဖြန့် မှု များ ကို၊ နိင်ငံတကာ အဆင့်တွင် ဆက်လက်၍ ဆောင်ရွက်ဆဲ ပင်ဖြစ်ကြောင်း၊ ဝမ်းနည်းဖွယ် တွေ့ မြင်နေရသည်။

သို့ ဖြစ်၍ ဤဆက်လက်ဖြန့် ဝေနိင်မှု ကိစ္စ တွင်၊ စာဖတ်ရှုသူ နှင့် ပြည်သူလူထုကို သာလျှင် စာရေးသူ အနေဖြင့် အားထားနီင်ရန် ရှိ ပါ ၍ ၊ ယင်း “ရိုဟင်ဂျာ” သမိုင်း အမှန် တွေ့ ရှိချက်များ ကို၊ ကိုယ်တိုင် စီစစ် ၍ ဆက်လက် ဖြန့် ချီ ပေးကြပါ ရန်၊ စာ ရေးသူ မှ၊ အနူးအညွတ် ပန်ကြား အပ်ပါသည်။

(ဧည့်သည်တော်များ၊ ဖတ်ရှုမှတ်တမ်းတင် (like) ၍၊ ဆက်လက်ဖြန့် ဝေ ( share ) လုပ်ပေးကြပါ် ။
ကျေးဇူး အထူး တင်ပါသည်။ U Ne Oo, Sydney)

စာရှုသူတို့ ၏ မှတ်ချက် များ အပေါ်၊ အပြန်အလှန် သုံးသပ်ချက်။ ဖြန့်ဝေ။ ၂၅-၂-၂၀၁၈။

(က)။ နိင်ငံရေး အခြေအနေ တရပ် ကို ဆွေး နွေးရာတွင်၊ တခွန်းတည်း၊ တလုံးတည်း ပြောရုံမျှဖြင့်၊ ဘယ်သူမျှ နား မလည်နိင်ပေ။ ဥပမာ၊ “ဟေ့။ ငါ ကတော့ မင်း ရေးတာ မယုံ” ဆိုသူများ ရှိပါသည်။ “နေဦး လိမ်သည်” ဟု စွတ်စွဲသူများလည်း ရှိသည်။ ဘာကို မယုံတာလည်း။ သေချာတိကျစွာ ဖေါ်ပြရပါမည်။ လိမ်သည် ဆိုရုံဖြင့် မည်သူမျှ နားလည်မည် မဟုတ်။ ဘာကို လိမ် သည်နည်း။ ဘယ်လို အခြား အခြား သော အထောက် အထား များ ရှိသည် ကို လည်း အခြား စာဖတ်သူ များပါသိနိင် ရန် ဖေါ်ပြ ပေးရပါမည်။ သို့ အထောက် အထား ဖြင့် ရှင်းလင်းစွာ ဖေါ်ပြပါက၊ စာရေးသူ ( ဦးနေဦး၊ ဆစ်ဒနီ။ ) သည် အထူးပင် ကျေးဇူး တင်၍ ၊ တဆင့်ထပ်မံ ဖေါ်ပြပေးဦးမည် ပင် ဖြစ်ပါသည်။

(ခ)။ အချို့ စာဖတ်သူများ က၊ “ စစ်အစိုးရ လက်ထက် နှင့်၂၀၁၂-၂၀၁၇ ရခိုင်ပြည်နယ် တွင်း ၊ တဖက်နိင်ငံမှ ခိုးဝင်နေထိုင်သူများ မရှိ ( မရှိ ) ” ဆို ထားသည်ကို လက်မခံနိင် ဟု ဆိုပါသည်။ “ခုတင်ပဲ၊ ကုလား - တရုတ် တွေ မှတ်ပုံဝယ် ပိုက်ဆံပေး ခိုးဝင်နေတာ မင်း ကန်းနေသလား” ဟု ငေါက်သူများလည်း ရှိ၏။ ဆိုစကား မှန် နိင်ပေ၏။ သို့ရာတွင်၊ စာရေးသူ ညွန်းဆိုသည့် “ခိုးဝင်သူများ မဟုတ်” ဆိုသည် မှာ၊ ဝိုက်ကဒ် ( white-card ) ကိုင်ဆောင်သူ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ များ ကိုသာ ဆိုပေသည်။ ယင်း ဝှိုက်ကဒ် ကိုင်ဆောင်သူများ သည်၊ ဗိုလ်ချုပ် ခင်ညွန့် အစိုးရ လက်ထက်၊ ကုလသမ္မဂ အစီအစဉ်ဖြင့်၊ ပြန်လည် လက်ခံထားခဲ့ သူများ ဖြစ်၍၊ ရခိုင်ပြည်တွင် ဘိုးစဉ် ဘောင်ဆက် နေထိုင်ခဲ့ကြသူများ ဖြစ် ကြောင်း၊ ခိုးဝင်နေထိုင်သူများ မဟုတ်ကြောင်း၊ ညွန်းဆိုထားခြင်း ဖြစ် ပေသည်။ ယင်း ကိစ္စ ကို စာရေးသူ၏ စာတမ်း ( http://www.rohingya-faqs.org/node/46 ) တွင် စာရင်းဇယား တွက်ချက်မှုများ မှ၊ ကောက်ချက်ချနိင်ခဲ့ခြင်း ဖြစ်ပေသည်။ ယင်းစာတမ်း မှာ၊ အတန်ပင် လေးပင်၍၊ အချို့သူများ အင်္ဂလိပ်ဘာသာဖြင့်၊ ဖတ်ရှုရန် ခက်ခဲမည် ဖြစ်ခြင်းကြောင့်၊ မြန်မာဘာသာဖြင့် ရေးသား တင်ဆက်ပေးသွား ရန်ရှိပါသည်။

လက်ရှိ လောလောဆယ်၊ ခိုးဝင် စီမ့်ဝင်သူများ နှင့် မြန်မာအစိုးရ အမှုထမ်း များ ၏ လဒ်စား၊ ခြစား မှု ပြဿနာ များ ကား၊ စာရေးသူတို့ လူ့အခွင့်အရေး လှုပ်ရှားသူများ (ံhuman rights activists ) နှင့် မဆိုင်။ နိင်ငံတကာ နှင့် ကုလသမ္မဂ မှလည်း စွက်ဖက်ပြောဆိုရန် အကြောင်း တစုံတရာ မရှိပေ။ ဤကိစ္စကား မြန်မာ အစိုးရ၊ မြန်မာလွတ်တော် နှင့် မြန်မာလူထု သာလျှင် ပြဿနာ ရှင်းကြရလေမည်။

(ဂ) ။ အချို့သော မြန်မာ အချို့ သတိချပ်ရန် မှာ၊ ယခု လက်ရှိ ရီုဟင်ဂျာ အငြင်း ပွား မှု မျိုး ကိစ္စ များ တွင်၊ အချက် လက် အကြိုး အကြောင်း ကို မိမိ ဖက်မှ၊ နိင်ငံတကာတွင် သေချာစွာ တင်ပြနိင်ရမည်။ မျိုးချစ်စိတ် ရှေ့တန်းတင်၊ လက်သီးလက်မေါင်းတန်း၍် ၊ ကုလားမုန်းကြောင်း အာပေါင်အာရင်းသန်သန်၊ ဖေ့ဘုတ်နှင့် လူပုံလယ်တွင် လူတွင်ကျယ် လုပ်ပြရုံ မျှ ဖြင့်၊ ဘယ်မှ အရာ မရောက်နိင်။ ယင်းကာ ဥာဏ်ပညာ နည်းပါး ၍ နိင်ငံရေး အတွေ့ အကြုံ ကင်းမဲ့နေခြင်း ကိုသာပြ၏။ ဥပမာ။ ဤရိုဟင်ဂျာ အငြင်းပွားမှ ကိစ္စတွင်၊ ၁၉၉၂ နှစ်မှစ၍၊ ဝန်ကြီး ဦးအုန်းဂျော် မှ စ၍၊ စစ်အစိုးရ အဆက်ဆက် က “ရီုဟင်ဂျာ ဆိုတာ မြန်မာ တိုင်းရင်းသား ၁၃၅ ခုတွင် မပါဝင်” ဟူသည့် ဆောင်ပုဒ် ကိုသာ အပ်ကြောင်းထပ်မျှ ဖွင့်ပြခဲ့ သည်။ သို့သော်လည်း၊ မည်သို့မည်ပုံ အခြေအနေ အကြိုး အကြောင်း ကိုကား အကျဉ်း မျှ မဟနိင်။ အမှန်ဆိုလျှင်ကား၊ ယင်း အဖြေတရပ် မှာ ၊ မြန်မာ မေါ်ကွန်းထိမ်း မှတ်တမ်း ရုံးတွင် ၁၉၄၈ ခုမှစ၍ ရှီနေသည် ကိုပင်၊ ဆက်စပ်တွေးခေါ် သဘော ပေါက်နိင်စွမ်း မရှိ။ ခွေး တကောင် ကို တိုင်မှာချီ၊ ကြိုးတုတ်ရိုက် ကာ စစ်မေးလျှင်ပင် သီးသန့် အဖြေ ရနိင်ဖွယ်ရှိပေ၏။ တို့ မြန်မာ စစ်အစိုးရ ဝန်ကြီး များကား၊ မည်သို့ပင် သင်စစ်မေးစေ၊ အကြောင်း ဆီလျှော်အောင် ဖြေနိင်စွမ်း မရှိ။ မြန်မာ စစ်ဗိုလ်ချုပ်များ၊ ယင်း ဝန်ကြီးများ နိင်ငံရေး ဥာဏ်ပညာ နည်းပါးမှု ကား ဤ မျှ မှတ်တမ်း တင်ထိုက်ပေ၏။
( ဧည့်သည်တော်များ၊ ဖတ်ရှုမှတ်တမ်းတင် (like) ၍၊ ဆက်လက်ဖြန့် ဝေ ( share ) လုပ်ပေးကြပါ် ။ ကျေးဇူး အထူး တင်ပါသည်။)

(င) UHtin Aung သို့ ပြန်ကြားချက်။ ဖြန့်ဝေ။ ၂၉-၃-၂၀၁၈။

ဒီ မြန်မာပြည် ကလူတွေ ကတော့၊ “ရိုဟင်ဂျာ” နာမည် အသိအမှတ်ပြုပေးပါ ဆိုရင်၊ ဟို ၁၉၄၈-၁၉၆၀ က မူဂျာဟစ် သူပုန်တွေ ပြည်နယ်တောင်း သလို တောင်းလာမယ်၊ ဒါ “အသားလို လို့  အရိုးတောင်း” ဆိုသလို၊ နိင်ငံရေး ဈေးဆစ်ဖို့ လုပ်တယ် လို့ လောက် ပဲ မြင်ကြမယ်လေ။ ဒါက ပြည်တွင်း လူများစု အမြင်ပါ။

လက်ရှိ “ရို” အဖွဲ့  ကမ္ဘာတဝှမ်းလုံး မှာ ပြန့် ကျဲ နေမှု ၊ နိင်ငံတကာမှာ ( stateless ) နိင်ငံမဲ့ အနေအထားနှင့် ခိုလှုံခွင့် တောင်းခံလိုမှု အနေအထား တရပ်နှင့် ကြည့်လိုက်မယ် ဆိုရင် တော့၊ ဒီ “ရီု အသိအမှတ် ပြု-မပြု” ဟာ တကဲ့ ကို ပြသနာကြီး တရပ်ဖြစ်လာပါမယ်။ ဥပမာ၊ “ရိုဟင်ဂျာ” ကို တကယ် သီးသန့် လူမျိုးစု ( a lost tribe of Asia ) အဖြစ် အသိ အမှတ်ပြုလျင်။ ကမ္ဘာ့ နိင်ငံအားလုံး အနေနှင့် “ရိုဟင်ဂျာ ပါဟု ဆိုလာသူတိုင်း” ကို ခို လှုံခွင့် ပေးရဖို့  ဖြစ်လာပါမယ်။ ဒီကိစ္စ ဟာ မမှန်ကန်သလို၊ ရှိသမျှ “ရို” ဒုက္ခသည်ဆိုတိုင်း ကမ္ဘာက လက်ခံဖို့  မဖြစ်နိင်ပါ။ ဒီအကြောင်း ကို ( migration ) သိပ်စိတ်မဝင်စားတတ်တဲ့ မြန်မာပြည်သူပြည်သား အများစု ကတော့ သာမန် မသိနိင်ကြဖူးပေါ့။

ဟိုတနေ့ ကပဲ ဘီဘီစီ ဝက်ဆိုက်မှာတွေ့ လိုက်တယ်။ ရိုဟင်ဂျာ ဘယ်မှာရှိသလဲ ဆိုတဲ့ အကြောင်း။ အဲမှာ ဆော်ဒီ ၅၀၀.၀၀၀၊ ယူအေအီး ၅၀.၀၀၀၊ ပါကစ္စတန် ၃၅၀.၀၀၀၊ မလေးရှား ၁၅၀.၀၀၀၊ ဘင်္ဂလာဒေ့ ၉၇၄.၀၀၀၊ မြန်မာ ၄၈၄.၀၀၀ စသည် စသည်။ အားလုံးက အုတ်အရောရော ကျောက်အရောရောပါ။ မှတ်မိဦးမှာပါ။၂၀၁၅ ခုက၊ မလေးရှား ပင်လယ်ပြင်မှာ လှေစီးပြေး သူများ အကြီးအကြယ် ပြသနာ မှာ။ လှေပေါ်ကလူတွေက “ကျွန်တော်တို့  မြန်မာပြည် ကပါ၊ ကယ်ကြပါ ( We are from Myanmar. Save us.)” လှမ်းအော်ပြောတာ အမှတ် ရဦးမယ်။ အမှန် ၈၅ ရာနှုံး က ဘင်္ဂလာဒေ့ရှ် ကပါ။ အဲမှာ ဘင်္ဂလာဒေ့ရှ် ကပါ အမှန်အတိုင်း ပြော ရင်တော့၊ ကုန်းပေါ်တင်ရန်၊ ကယ်ဆယ်ရေးလုပ်ရန် အကြောင်းတရပ်မရှိ။ လာတဲ့လှေနှင့် ဓါတ်ဆီထဲ့ ပြန်ပို့ လိုက်မှာ သေချာပဲ။ ဒါ ဥပမာ အနေနဲ့ ပြောတာပါ။

အမှန်တရား ဆိုတာ ကတော့၊ ဘယ်သူ သာစေ နာစေ သဘောတရပ် မရှိ။ အားလုံး လေးစားရမယ်လေ။ လက်ရှိ နိင်ငံတကာ က “ရို” ကိစ္စ လည်း ဒီလိုဘဲပေါ့။ (End-of-Reply)

(က) :-) U Kyaw Burma သို့ ပြန်ကြားချက်။ ဖြန့်ဝေ။ ၂၉-၃-၂၀၁၈။

ဒီ (ရိုဟင်ဂျာ) ဆိုတဲ့ အသုံးအနှံး ကို၊ ၁၈၂၄-၁၉၄၈ အတွင်း ၊ ဆယ်နှစ် တကြီမ် ဗျိတိလျှ အစိုးရမှ ကောက်ခံ သော လူဦးရေ စစ်တမ်း အားလုံး တွင် မတွေ့ (လုံးဝမတွေ့) ရှိပါ။ ၁၉၄၈ ခုနှစ်၊ ဂျမေတူအူလီမာ (Jamiatul Ulama) အဖွဲ့ အစည်း မှ ယင်း (ရိုဟင်ဂျာ) အသုံးအနှုံး ကို စတင် ကြောင်း (တွဲပုံရှု) ၊ ၁၉၆၂ တော်လှန်ရေး ကောင်စီ အာဏာသီမ်းချိန် အထိ၊ မြန်မာ စာနယ်ဇင်း များ မှပါ သုံးစွဲခဲ့ကြောင်း တွေ့ရသည်။ စာရေးသူ၏ ကိုယ်ပိုင်သုံးသပ်ချက် အရ ယင်း (ရိုဟင်ဂျာ) အသုံး ကို ဗျိတိလျှ-မြန်မာ အုပ်ချုပ်ရေး အသွင်ပြောင်း ကာလ (Transitional Administration) ရည်ရွယ်ချက် တခုဖြင့် အောင်ဆန်း-အက်တလီ စာချုပ်ပါအတိုင်း အကောင်အထည် ဖေါ်ခဲ့မှုဖြစ် ကြောင်း ( FAQ-01 ) တွင်ရှင်းလင်းပြထားပါသည်။ ယင်း (ရိုဟင်ဂျာ) အသုံးအနှုံး ကို ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်စောမောင် စစ်အစိုးရ လက်ထက် ယင်း (ရိုဟင်ဂျာ) များကို တပါးနိင်ငံ နှင်ထုတ်အပြီး ၊ ကမ္ဘာ့ စာနယ်ဇင်း များမှ စတင်သုံးစွဲလာခဲ့ကြောင်း ( FAQ 03 & 04 ) တွင် ရှင်းလင်းပြထားပါသည်။ မြန်မာ အစိုးရများ ကတော့ ၁၉၈၂ နိင်ငံသား ဥပဒေ ရေးသားချိန်တွင်လည်း၊ ယင်း အသုံးအနှံးကို လုံးဝ မဖေါ်ပြခဲ့ကြောင်း တွေ့ရသည်။ ၁၉၉၃-၉၇ နှစ်များအတွင်း ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြိးများရုံး မှ ကြီးကြပ်ပြီး၊ မြန်မာနေရပ်မှန်သူများ ကို စီစစ်လက်ခံ ( White cards ) များ ထုတ်ပေးထားခဲ့သည်။

ကုလသမ္မဂ နှင့် နိင်ငံတကာ အသိုင်းအဝိုင်းမှ အထူးစိုးရိမ်မှု ရှိသည် မှာ၊ ယင်းလူမျိုးစုကို ၁၉၈၂ မှစပြီး၊ လူတိုင်းစေ့ မှတ်ပုံတင် ထုတ် မပေးဘဲ၊ အီမ်ထောင်စုစာရင်းအရသာ ထားရှိသဖြင့် နိင်ငံမဲ့သူများ ( stateless persons ) အနေအထား တရပ်ရှိနေခြင်း ဖြစ်သည်။ မှတ်ပုံတင်မဲ့၊ ယင်းတို့ ပြည်တွင်း နေထိုင်မှု အနေအထား အထူး ကြပ်တည်း သကဲ့သို့၊ နိင်ငံတကာ မှလည်း ယင်းဒုက္ခသည်များ ကိုင်တွယ်ရာတွင် အထူး အခက်အခဲ များ ရှိသဖြင့်၊ အမှန်ပင် အလေးထား ဆောင်ရွက် နေကြခြင်း ဖြစ်ပေသည်။ အချို့ နားမလည်သည့် မြန်မာများ စွတ်စွဲ သကဲ့သို့၊ မူဆလင် ဘာသာဝင်ဖြစ်ခြင်း၊ ဘင်္ဂါလီ ကုလား ဖြစ်ခြင်း၊ စသည့်အကြောင်းများနှင့် လုံးဝ ( လုံးဝ ) မသက်ဆိုင်ပါ။


(ခ) :-) အက်ခေါဘဏီ။ :-) သူရိန်။ :-) Lat Koko တို့ သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ ပြန်ကြားချက်။ ဖြန့်ဝေ။ ၂၉-၃-၂၀၁၈။

စန္ဒီခန်းဗလီ အပါအဝင် ရှေးခေတ် အဖိုးမဖြတ်နိင် သမိုင်းအမွေအနှစ်များ ကိုရှုပါက၊ ရခိုင်မင်းများလက်ထက် မူဆလင်ဘာသာဝင်များ ရခိုင်ပြည်နယ်တွင်၊ နေထိုင်ခဲ့ကြကြောင်း ရှေးဦး သမိုင်း ငြင်းဆို၍၊ မရပါ။ ဥပမာ၊ ဦးမောင်မောင်တင် (၁၉၈၇, NDPHR) ပုံနှပ်ထုတ်ဝေထားခဲ့သော ရိုဟင်ဂျာ သမိုင်း စာအုပ် ကဲ့သို့ ၊ စာတမ်းစာစောင်များတွင်၊ အများအပျား တွင် တွေ့ ရှိရပါမည်။ သို့သော်လည်း၊ သတိချပ် ရမည် မှာ ရှေး ရခိုင်ပြည် မြောက်ဦး ခေတ် ဘင်္ဂါလီ နှင့် မူဆလင်ဘာသာဝင်များ ရှိခဲ့မှု ကို ၊ လက်ရှိ အငြင်းပွား နေသည့် “ရိုဟင်ဂျာ လူမျိုး ရှိ-မရှိ” ဆိုသည့် မေးခွန်းနှင့် ရောထွေး မသွား ရန် အထူး အရေး ကြီး ပါသည်။ စာရေးသူ ဆိုလိုသည်မှာ၊ ရခိုင်ပြည် နေထိုင်ပြီး၊ မူဆလင် ဘာသာဝင် ဟု ဆိုလိုက်တိုင်း “ရိုဟင်ဂျာ” ဖြစ်သည်ဟု ( မသတ်မှတ်ရ။ ) သတ်မှတ် ၍ မရပါ။ ဥပမာ၊ ၁၈၂၄ ခုမတိုင် မီ၊ မြောက်ဦးခေတ် ရှေးဟောင်း ရခိုင်မင်းများ ကျွန်ပြု ထား မူဆလင်ဘာသာဝင် များ ရှိမည်။ ရှာရှုးဂျာ မင်း ၏ လေးသည်တော် ကမန် မူဆလင်များ ရှီမည်။ ယင်းတို့ကို ကား ဒေသခံ တိုင်း ရင်းသား အဖြစ် မုချ အသိအမှတ် ပြုရပေမည်။ ယင်းတို့ ကား “ရိုဟင်ဂျာ” မဟုတ် (မဟုတ် ပါကြောင်း။)။ ရိုဟင်ဂျာ ဆိုတာလည်း မရှိ (မရှိ ပါကြောင်း)။ အချီု့  သော ရို-ထောက် ခံ စာ ရေးသူများ နှင့် တကွ စာရှုသူ ပြည်သူများ ပါ ကွဲကွဲ ပြားပြား သိ ရှိနားလည် ထား ကြရမည် ဖြစ် ပေသည်။

ဦးမောင်မောင်တင် (၁၉၈၇) ၏ စာတမ်းနှင့် တကွ ရို-ထောက်ခံသူများ ပြုစုထားသည့် စာတမ်းများ ကို၊ အများပြည်သူတို့ လေ့လာနိင်စေရန် ( Documents section [http://www.rohingya-faqs.org/docs/]) တွင် တင်ပေးထားပါသည်။ ယင်းကဲ့သို့ စာတမ်းအမျိုးအစား မှာ သမိုင်းဆိုင်ရာ စာတမ်း တရပ် အဖြစ် မသတ်မှတ်နိင်ပေ။ ထိုစာတမ်းများ ကား၊ သမိုင်းပညာရှင် စစ်စစ် တို့ သုတေသန စာတမ်း ရေး သည်များ ကဲ့သို့ မဟုတ်။ ဤစာတမ်း များ တွင်၊ ယင်း စာပြုသူတို့၏ ယုံကြည် မျော်လင့်ချက်များ၊ သမိုင်းအမှန်ဖြစ်ရပ်များ၊ မမှန်သမိုင်းမှတ်တမ်းများ၊ စသည်တို့ အာလုံး ကို အရင်းပြုရောထွေး ၍၊ ယင်း လူမျိုးစု မြင့်မား ရေး အတွက် ဇောင်းပေး ရေးထား သဖြင့် ဝါဒဖြန်ချီချက် စာတမ်း အဖြစ်သာ သတ်မှတ်ရပါမည်။

မြန်မာ အစိုးရ နှင့် တကွ ပြည်သူများပါ သတိပြုရမည်မှာ၊ ယင်းကဲ့သို့ မမှန်သမိုင်း တရပ်ကို အခြေခံ၍ မမှန်ကန် ဝါဒဖြန့်ချီမှု သည်၊ နိင်ငံရေး လွပ်လပ်စွာ ပြောရေးဆိုခွင့် ဘောင် အတွင်း ရှိနေသဖြင့်၊ တားဆီး ပိတ်ပင်မှု မပြုရ (မတားဆီးရ)။ ထိုသို့ရေးသားသူကို ဖမ်းဆီး အန္ဒရာယ် မြ့ပုရ။ ယင်း မမှန်ကန် ဝါဒ ဖြန့်ချီမှုကို၊ အမှန်တရား ဖေါ်ထုတ်ခြင်း၊ အများပြည်သူကို ပညာ အသိပေး ဆွေးနွေးခြင်း၊ စသည့် နိင်ငံရေး နည်လမ်း များ ဖြင့်သာ တုံ့ပြန်မှု ပြုရမည်။ အမှန်တကယ် ယင်းသို့ ပြည်သူကို ပညာ ပေးခြင်း မှာ နိင်ငံရေး အစိုးရ တရပ်၏ မူလတာ ဝန် ဝတ္တရား တခုပင် ဖြစ်ပေသည်။

၁၉၉၄ ခုနောက်ပိုင်း၊ “ရို” အရေး ထောက်ခံသူများ မှ၊ နိင်ငံတကာ သတင်း နှင့် စာနယ်ဇင်း အသိုင်းအဝိုင်းတွင်၊ မမှန်သမိုင်း အခြေခံ၍၊ ယင်းကဲ့သို့ ဝါဒဖြန့် မှုမှာ ( FAQ-03, FAQ-04 ) တွင်တင်ပြထားခဲ့သည့် အတိုင်း၊ တိုးမြှင့် လုပ်ဆောင်လာခဲ့ သည်။ စာရေးသူတို့ ပြင်ပ နိင်ငံရပ်ခြား ရောက် (မြန်မာလူမျိုး) မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ ယင်းကိစ္စ ကို သတိမပြုမိခဲ့ ကြသော်လည်း၊ (ရခိုင်တိုင်းရင်းသား) မြန်မာ အရေးလှုပ်ရှားသူများ ယင်းရှေးမဆွကပင် ရို-အရေး ဝါဒဖြန့်မှူများကို သတိပြုထားခဲ့ကြောင်း တွေ့ရပေသည်။ စာရေးသူ (ဦးနေဦး၊ဆစ်ဒနီမြိဲု့ )ကိုယ်တိုင်ကား၊ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ များ အရေးကို ၁၉၉၃-၉၄ ကုလသမ္မဂ မှ နေရပ်ပြန်နိင်ရေး စီစဉ်ပြီး နောက်ပိုင်း၊ ဆက်လက်လေ့လာစုံစမ်းမှုများ မပြုနိင်ခဲ့ပေ။ယင်း ၁၉၉၄ မှ ၂၀၁၂ အထိ၊ ရီုအရေးလှုပ်ရှားသူ အချို့နှင့် ပြည်ပရောက် ရခိုင် များ အကြား၊ ရီုဟင်ဂျာ တည်ရှိမှု၊ တိုင်းရင်းသား ဖြစ်နိင်မှု၊ စသည်တို့ကို အခြေအတင် ငြင်းခုံ မှု များ ရှိခဲ့ ကြောင်း လေ့လာ တွေ့ရှိရပေသည်။ စာရှူသူတဦးဖေါ်ပြခဲ့သည့်၊ ရခိုင်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ အေးချမ်း အနေဖြင့်လည်း၊ မလွဲမသွေ ပါဝင်ခဲ့ရမည်ဖြစ်၍၊ တဖက် မှ အပုတ်ချမှူ၊ ဆဲရေးပြုမှုများ မလွဲမသွေ ခံရမည် ဖြစ်ပေသည်။ ပြည်တွင်း နိင်ငံရေးသမားများ ရော ပြည်သူ တရပ်လုံးပါ ယင်း ကိစ္စများ ကို ၂၀၁၂ ရခိုင် အရေးအခင်း ရောက်မှသာ၊ သတိပြုနိင်လာကြောင်း၊ တွေ့မြင် သုံးသပ်ရရှိပေသည်။

ယင်း “ရိုဟင်ဂျာ ရှိ-မရှိ” အငြင်းပွားမှု နိင်ငံတကာ တွင် ဤမျှအကျယ် အကျယ် မငြီမ်းဖွယ် ဖြစ်လာရခြင်း သည်၊ မြန်မာအစိုးရ၏ ပင်မ နိင်ငံရေး နုံချာ မှု( political ineptitude ) ကြောင့် သာ ဖြစ်ပေသည်။ မြန်မာစစ်အစိုးရ အနေဖြင့် ဤကိစ္စ ကို နိင်ငံတကာ အသိုင်းအဝိုင်းတွင် ချေချေငံငံ ဖြေရှင်း နိင်ခြင်း မရှိခဲ့ခြင်း ကြောင့်သာ ဖြစ်ပေသည်။ လက်ရှိ အမျိုးသား ဒီမိုကရေစီ အစိုးရ တရပ်သည် လည်း ယင်းကိစ္စ ကိုနှတ်ပိတ်ရေငုံ နေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ယင်း အမျိုးသား ဒီမိုကရေစီ အစိုးရ၏ မှားယွင်းမှု တရပ်ပင်ဖြစ်ပေသည်။ ပေးခဲ့ပြီး ဥပမာဖြင့် ဆိုရလျှင်၊ စစ်အစိုး ရကား ဤ “ရိုဟင်ဂျာ ရှိ-မရှိ” ပြဿနာ နှင့် ပါတ်သက်လာလျှင်၊ တိုင်မှာခြည် ၍ တုတ်အရိုက်ခံ ရသည့် ခွေး တကောင် ပမာ၊ တသံတည်း ငြီးငြူ တတ်သည် သို့ ရှိ၏။ “ရိုဟင်ဂျာ မရှိ” ဆိုတာကလွဲ ၍ ဘာမှ ရေလည်အောင် မပြောနိင်၊ မပြောတတ်။ အမျီုးသား ဒီမိုကရေစီ အစိုးရကား၊ ဤကိစ္စနှင့်ပါတ်သက်လာလျှင်၊ “ခွေး အ ကိုလှည်းနင်း” သကဲ့သို့ ဖြစ်ဘိ၏။ အကျိုးအကြောင်း အဆိုး အကောင်း ဘာသံမျှ ထွက်မလာခဲ့ပေ။

စာရေးသူတို့ မြန်မာလူမျိုးများ ကား၊ သမိုင်း (သို့) နိင်ငံရေး သမိုင်း နှင့် ပါတ်သက်လာလျှင်၊ ကိုယ်တိုင်လည်း ဆည်းပူးမှု နည်းပါး၊ ဆရာ့ဆရာ တော် တတ်သူများ ကို လည်း ချဉ်းကပ်ရန် အမှန်ပင် ရှက်ကြောက် ဝန်လေးကြ၏။ သိချင်ဟန် ဆောင်ကြ၏။ အလေးမမူ သယောင်လည်းပြုကြပြန်၏။ နိင်ငံရေးသမားများကား သာ၍ပင်ဆိုး၏။ စားကျက်လုသွားမှာ၊ ဆရာတင်၍ ကိုယ့် အထက် ကျော်သွားမှာ ကြောက်တတ် ကြ၏။ ဆိုရလျှင်၊ မြန်မာစစ်အစိုးရသည်၊ သမိုင်းသုတေသန ဦးစီးမှုး ဒေါက်တာမြင့်သိန်း ကဲ့သို့သော ၊ အစိုးရ အမှုထမ်း တဦး ထံမှ ပင်၊ ဤကိစ္စ အကူအညီ တောင်းခံမှု၊ နည်းနာ ခံယူမှု ရှိခဲ့ပုံ မရပေ။ ၂၀၀၉ ခုနှစ် ပိုင်း မှသာ သမိုင်းခိုင်မာသည့် စာတမ်း တစောင် ကို ဒေါက်တာ မြင့်သိန်း မှ ရေးသား ပေးခဲ့သည်( Document အပိုင်းမှာ တင်ပေးထားသည်) ။ သို့ရာတွင် စစ်အစိုးရ မှ ဆက်လက် ဖြန့်ဝေ ပညာ ပေး မှု များ၊ နိင်ငံတကာ အဆင့် နှင့် ပြည်တွင်း မှာပါ လုပ်ဆောင်ခြင်း မတွေ့ခဲ့ရပေ။ ဤကား အစိုးရများ ၏ တာဝန်ချွတ်ယွင်းမှု ဖြစ် ပေသည်။


Find This on Facebook

https://www.facebook.com/304463796629008/photos/a.348098432265544.1073741828.304463796629008/348098238932230/?type=3