ရိုဟင်ဂျာ အရေး၊ လွပ်လပ်စွာ ပြောဆို ရေးသာခွင့် နှင့် ဗျောင်လိမ် ဝါဒဖြန့်  မှု ပြဿနာ။

ရိုဟင်ဂျာ အရေး၊ လွပ်လပ်စွာ ပြောဆို ရေးသာခွင့် ( freedom of speech )နှင့်၊ နှစ်ဖက်နှစ်ရပ် ဗျောင်လိမ် ဝါဒဖြန့်  မှု ပြဿနာ။ ဒီကိစ္စ ဆွေးနွေးမှုများ မပြုခင်၊ စကားပလ္လင် ခံချင်တာကတော့၊ ဗျောင်လီမ် ဝါဒဖြန့်  မှု ဆိုတဲ့ နေရာမှာ၊ လက်ရှိ ဖေ့ဘုတ်ပေါ်မှာ ရီုဟင်ဂျာရှိကြောင်း အထောက်အထား အဖြစ် သူတို့ မှာရှိသမျှ စာရွက်စာတမ်း မှတ်သားထားချက်များ ဖြင့် တင်ပြ ဆွေးနွေးလာကြသော ညီအစ်ကို များကို မဆိုလို (မရည်ညွှန်း) ပါ။ နိင်ငံရေး လောက မှာ ဗျောင်လီမ် ဝါဒဖြန့် ချီမှု ဆိုတာ ကလည်း မကြာခဏဆိုသလို ကြုံကြရတာ ဖြစ်သလို။ လက် ရှိ ရိုဟင်ဂျာ ကိစ္စ မှာ ဆိုရင်တော့ နှစ်ဖက် စလုံး က အတိုက် အခံ ဝါဒဖြန့် ချှီ နေခဲ့ကြ တာ ကို တွေ့ ကြရပါမယ်။ ဥပမာ အဖြစ် စာတမ်း နှစ်ခုကို ညွန်းပြလိုပါတယ်။

ပထမ စာတမ်း ကတော့ ၁၉၆၁-ဖေဖေါ်ဝါရီလ မှာ ရ.မ.ည.တ ( ရီုဟင်ဂျာ မူဆလင် ညီညွတ်ရေး တပ်ပေါင်းစု ) ကနေ ထုပ်ဝေခဲ့တဲ့ စာတမ်း တခုပါ။ ( http://www.rohingya-faqs.org/node/3 ) မှာ တင်ထားပါတယ် Download ဆွဲ ဖတ်ကြပါ။ အဲဒီစာတမ်း ကို လေ့လာ ရင်၊ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား အဆင့် ရှိသင့်ပါကြောင်း၊ သမိုင်း အထောက်အထား တွေ နှင့် တကွ၊ ရွန်းရွှန်း ဝေအောင် ရေးသားထားတာ တွေ့ ရပါမယ်။ ဒီမှာတခု သတိပြုသင့်တာက။ ၁၉၆၁ ခုနှစ် မှာ၊ မြန်မာနိင်ငံ လွပ်လပ်ရေး လှုပ်ရှားမှု ဦးဆောင်ကြသော၊ ဦးနု၊ ဦးနေဝင်း အပြင် ဆရာကြီး ဦးသိန်းဖေမြင့်။ သခင်ဗစိန်၊ အခြား တောခို သခင်များ အပါအဝင် ရှေ့ မှီ နောက်မှီ နိင်ငံရေးသမားများ သက်ရှိထင်ရှား ရှိနေသေးချိန် ဖြစ်ပါတယ်။ ဒီလူကြီးတွေ ကတော့၊ အဲဒီ ရိုဟင်ဂျာ နီင်ငံရေး အုပ်စုရဲ့  အနေအထား သိထား ပြီး ဖြစ်ပါမယ်။ ဒီအုပ်စု ပါကစ္စတန်နဲ့  ပေါင်းစည်းဖို့ လုပ်ခဲ့တာတွေ။ အင်္ဂလိပ်ပြန် အဝင်၊ ဂျပန် အထွက်မှာ နီင်ငံရေး မျှော်လင့်ချက် တရပ်နဲ့ အင်္ဂလိပ် စစ်တပ်ကို ထောက်ခံ၊ မြန်မာနိင်ငံ လွပ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တာတွေ။ အင်္ဂလိပ်ထံ ပြည်နယ်သီးသန့် တောင်း မရနိင်တော့ မှ မေယုဒေသ ကိုယ်ပိုင်အုပ်ချှုပ်ရေး ဦးတည်ခဲ့တာတွေ၊ စသည် စသည် များ အားလုံး သိထားခဲ့ ကြမှာပါ။ စာတမ်းကိုလေ့လာကြပါ။

ဒုတိယ စာတမ်း ကတော့ ဗိုလ်မှုး လှမြိုင် ၁၉၈၃-နိုဝင်ဘာလ မှာ ရေးသား ခဲ့တဲ့ နိင်ငံခြားသားများဝင်ရောက်မှု နှင့် ရခိုင်ပြည်နယ် အခြေအနေ လျှို့ ဝှက် မှတ်တမ်း တခုပါ။ ဒီစာတမ်း ကတော့ မူဆလင် မုန်းတီးရေး၊ ဘင်ဂါလီ နိင်ငံခြားသား ကုလားများ နှိပ်ကွပ်ရေး ဦးတည် ရေးသား ဖြန့် ဝေ ထား တဲ့ စာတမ်း တစောင် ဖြစ်ပါတယ်။ ဒီလို (မမှန်) ဝါဒဖြန့် ချီမှု ဆိုတာတွေကတော့၊ သိကြတဲ့ အတိုင်း မှန်ကန်တာရော၊ မမှန်တာရော အချက် အလက် တွေ ရေားထွေးလိုက်၊ ပြီး ဂျပိုး ကိုလိပ်ဖြစ် ချဲ့ ကား ပြောဆိုတင်ပြမှု ပါဝင်လာပါတယ်။ လေ့လာကြပါ။

နိင်ငံရေး (လက်ရှိ ရိုဟင်ဂျာ အရေး) လေ့လာဆည်းပုးသူ များ အနေ နှင့် ဒီလို နှစ်ဖက် နှစ်ရပ် ဝါဒဖြန့် ချှီမှု တွေကို လေ့လာသုံးသပ် ( analysis ) သင့်ကြပါတယ်။ အထူးသဖြင့် ပြည်သူလူထု အတွင်း နိုးကြားသူ၊ ငြီမ်းချမ်းရေး တည်ဆောက်လိုသူ ( peace activists ) များ အနေနှင့် ဒီ အစွန်းရောက် ဝါဒဖြန့် ချီချက်များ ကို သိမှီ သဘောပေါက် ထားကြရမှာ ဖြစ်ပါတယ်။ ဒီလို နိင်ငံရေး အသိ ( political knowledge ) ဆိုတာက ပြည်သူ အတွင်း မှာ ပြန့် နှံ့  စိမ့်ဝင် နိင်မှသာလျှင် အသုံးကျ ထိရောက် မှု ရှိလာပါမယ်။ ဒါမှသာလျှင် နှစ်ဖက် အစွန်းရောက် များ က၊ နလပိန်းတုံး ဝါဒဖြန့်  တိုက်ခိုက် မှု များ ကို နည်းစနစ် ကျကျ ချေပနိင် မှာဖြစ်ပါတယ်။ ဥပမာ ဒီဖက် ကုလားမုန်းတီး ရေး က ဦဇင်း ဝိရသူ တို့ လို ဝါဒဖြန့် လာမှု မျိုး၊ ရီုဟင်ဂျာ ဖက် ( နာမည်တော့ မပြောတော့ပါ ) မမှန်သမိုင်း ဝါဒဖြန့် လာမှုမျိုး တွေကို ပြန်လည် ချေပ တားဆီးနိင်ကြမှာ ဖြစ်ပါတယ်။

ဒီမှာ နားလည် သဘော ပေါက်ကြရမှာ က၊ ဒီလို မမှန်(အမှန်) ဝါဒဖြန့် မှု များဟာ၊ လွပ်လပ်စွာ ရေးသား ပြောဆိုခွင့် ( freedom of speech ) အတွင်း အကြုံးဝင် မှု ရှိတဲ့ အတွက်၊ ဒီမိုကရေစီ သဘောတရား အရ တားဆီး ပိတ်ပင်မှု မပြုရ (မတားဆီးရ)ပါ။ ဟို စစ်အစီုးရခေတ် ဆိုရင်တော့ မလိုရင် မလိုသလို ဖမ်းဆီး ထိမ်းသိမ်း လိုက်မှာပဲ ဖြစ်ပါတယ်။ ပွင့်လင်း ဒီမိုကရေစီ မှာတော့ ဒီလိုလုပ်လို့ မရပါ။ ပြည်သူ အတွင်း နိင်ငံရေး အသိ ဖြန့် ဝေမှု တရပ်ဖြင့် သာ အခြေအနေ ကို ထိမ်းသိမ်းထားရမှာ ဖြစ်ပါတယ်။

အမှန်ပြောရရင်တော့ သြစတေးလျှားလို ဒီမိုကရေစီ ပြည့်ဝတဲ့ နိင်ငံများ မှာဆိုရင်။ မြန်မာပြည်သူ အများစုနှင့်ယှဉ်လိုက် မယ်ဆိုရင်၊ ယေဘူယျ အားဖြင့်။ သြစတေးလျှားနိင်ငံသားတွေဟာ နိင်ငံရေး သဘော ပိုပြီး ပြည့်ဝမှု ရှိပါတယ်။ နိင်ငံရေး လွပ်လပ် စွာ ပြောဆို မှု တွေကို၊ သူတို့  ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ နိင်ငံရေး ဝါဒဖြန့် ချီလာမှု များကို၊ တိုက်ရိုက် ကန့် ကွက်မှု၊ ရီုင်းစီုင်းစွာ ဟန့် တားမှု့  စသည် များကို မတွေ့ ကြရပါ။ တနည်းဆိုရရင် တော့ သြစတေးလျားနိင်ငံသားတွေဟာ နိင်ငံရေး အရ သဘောထား ကြီးတယ်၊ ပြည့်ဝ မှု ရှိတယ် လို့ သုံးသပ်လို့  ရနိင် ပါတယ်။

ရှင်းရှင်း ပြောရရင်တော့ ရိုဟင်ဂျာ ကိစ္စမှာ၊ ဒီလို ဗျောင်လီမ် ဝါဒဖြန့် လာမှု ကို၊ ဒီမိုကရေစီ စနစ် တရပ်မှာ တားဆီးပိုင်ခွင့် မရှိ။ ပြည်သူလူထု နှင့် အုပ်ချုပ်သူပိုင်း အနေနှင့် မှန်ကန်သော နိင်ငံရေး အသိတရပ် ဖြင့်သာ ပြန်လည် တားဆီးထားရမှာ ဖြစ်ပါတယ်။ အထက်က ပြောခဲ့သလိုပဲ။ ဒီလို နိင်ငံရေး အသိ ( political knowledge ) ဆိုတာက ပြည်သူ အတွင်း မှာ ပြန့် နှံ့  စိမ့်ဝင် နိင်မှသာလျှင် အသုံးကျ ထိရောက် မှု ရှိလာပါမယ်။ ဒီလို စီမ့်ဝင်ဖို့ ဆိုတာက လူတိုင်း နိင်ငံရေးနှင့် ပါတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ မနေကြပဲ၊ ကိုယ်တိုင် လေ့လာသုံးသပ် မှု ရှိကြရမှာဖြစ်ပါတယ်။ ကိုယ်သိတာ ကိုလည်း နီးစပ်ရာပြည်သူကို လက်ဆင့်ကမ်း ဖြန့် ဝေ ပေးနိင်ရပါမယ်။ ဒါက အစိုးရ အုပ်ချုပ်သူသာ မက ပြည်သူလူထု အားလုံးရဲ့ တာဝန် လည်း ဖြစ်ပါတယ်။

ဖက်မလိုက် နိင်ငံရေး သမိုင်း နှင့် သုံးသပ်ချက်

ဒီလို လေ့လာသူများ အနေနှင့် ခု အင်တာနက်၊ ဖေ့ဘုတ် များ မှာ ရိုဟင်ဂျာ အကြောင်း သာမန် ရှာဖွေ ကြည့်လိုက်မယ်ဆိုရင်၊ ဖက်လိုက်ဝါဒဖြန့် မှု တွေကိုသာ တွေ့ နေရပြီး၊ တကယ်တန်း သမိုင်း ရေးရာ ကို ဇစ်မြစ် ပြု ရေးသား ပြီး လူထုကို ပညာပေးဖို့  ရေးသားထား တာ ရှာမှရှား ဆိုသလိုပါပဲ။ စာရေးသူ ဒီကိစ္စ ကို ၂၀၁၂-၂၀၁၅ နှစ်များ အတွင်း ဖက်မလိုက် နိင်ငံရေးသမိုင်း သုတေသန ပြုချက် ကို လိုက်လံ ရှာဖွေတဲ့ အခါမှာ၊ ကံအားလျှော်စွာ စာတမ်းတခု နှင့် ဗီဒီယို ရုပ်သံ ပို့ ချချက် တခု အဓိက တွေ့ ခဲ့ရပါတယ်။ ဒါတွေကို ( http://www.rohingya-faqs.org/node/3 ) ဝက်ဆိုက်မှာ မည်သူ မဆို လေ့လာဖတ်ရှုနိင်ကြရန် တင်ထားပေးပါတယ်။ အင်္ဂလိပ်စာ မမှီသူများလည်း ကြိုးစား ပြီး၊ တကြောင်းရ တပိုဒ်နားလည်၊ ဆိုသလိုမျီုး လေ့လာကြစေလိုပါတယ်။ အထူးသဖြင့် မြန်မာ လူငယ်တွေကို ကြိုးစားလေ့လာကြဖို့  အားပေးတိုက်တွန်းလိုပါတယ်။

စာတမ်း ကတော့ ၁၉၉၅ ခု နယ်သာလန် မြန်မာ အစီးအရုံး မှ ကမကထပြု လုပ်ဆောင်ခဲ့ တဲ့ ဆွေးနွေး ပွဲ မှာ အင်္ဂလန် နိင်ငံ က စာရေးဆရာ မာတင်စမစ် ( Martin Smith ) ကနေစုစည်းတင်ပြသွားတဲ့ ရိုဟင်ဂျာ အကြောင်း သမိုင်း စာတမ်းတခုပါ။ မာတင်စမစ် ဆိုတာကတော့ မြန်မာနိင်ငံ လူမျိုးစု တိုင်းရင်းသား သူပုန်များ အကြောင်း အထူးကြွမ်းကျင်သူ တဦး ဖြစ်ပါတယ်။

နောက် ရုပ်သံ တင်ပြချက် ကတော့ ရခိုင်ရှေးဦး သမိုင်းပညာရှင် ဂျက် လိုက်ဒါ ( Jacque Leider ) ၂၀၁၂ မှာ ပို့ ချသွားတဲ့ ဗီဒီယို ဖြစ်ပါတယ်။ ဂျက်လိုက်ဒါ ကတော့ ရခိုင်သမိုင်းလေ့လာနေကြတဲ့ လူ တော်တော် များများ သိကြပြီးပါ။

စာရေးသူ ကတော့ ဒီ နှစ်ယောက်စလုံးကို လူကိုယ်တိုင်လည်း မသိပါ။ စာ အဆက် အသွယ်လည်း မရှိပါ။ သို့ သော်လည်း ပညာရှိ ဆိုတာမျိုးက ဘာသာရပ် တခုကို ကိုယ်တိုင်ချဉ်းကပ် လေ့လာနိင် မှသာ လေးစားထိုက်သူ ဖြစ်ကြောင်း အမှန်တကယ် သဘောပေါက် နားလည်လာနိင်တာဖြစ်ပါတယ်။ စာရေးသူ အမြင်မှာတော့ ဤပုဂိလ္လ် နှစ်ဦးဟာ ရခိုင်သမိုင်းနှင့်ပါတ်သက်လာလျှင် အထူးလေးစား ထိုက်သူများဖြစ်ကြောင်း စာရှသူများထံ အာမခံချက် ပေးလိုပါတယ်။

စာရှသူလူကြီးမင်းများ ဒီစာများကို ( like, share ) သင့်တော်သလို လုပ်ပေးကြပါ။ ဆက်လက်ပြီး ဒီ ရိုဟင်ဂျာ ကီစ္စ သုတေသန ဘယ်လို လုပ်ရနိင်တယ်ဆိုတာ တင်ပြသွားဦးမှာဖြစ်ပါတယ်။ ဖတ်ရှုသူများ လက်ရှိဆွေးနွေးမှု စကား အသွားအလာ သိနိင်ရန် (၁၆-မေ-၂၀၁၈) ဝေငှမှုကို ပထမဦးစွာ ဖတ်ရန်။ ဦးနေဦး။ ဆစ်ဒနီမြို့ ။

Find this on Facebook

https://www.facebook.com/304463796629008/photos/a.348098432265544/377869699288417/?type=3