ရပ်ဝေးရောက် ရခိုင်ပြည်ဖွား ဘင်္ဂါလီများ နေရပ်ပြန်ရန်ကိစ္စ။

ရပ်ဝေးရောက် ရခိုင်ပြည်ဖွား ဘင်္ဂါလီများ နေရပ်ပြန်ရန်ကိစ္စ။ စာရေးသူ (ဦးနေဦး၊ဆစ်ဒနီ) လက်ရှိဆွေးနွေးနေ တဲ့ ရခိုင် ရှေးသမိုင်း နဲ့ ဘင်္ဂါလီများ အကြောင်းရပ် မှာ ကြားဖြတ်ပြီး၊ လက်ရှိ မလေးရှား၊ ထိုင်း စတဲ့ အာဆီယံ နိင်ငံ များမှာ ရောက်ရှိနေ ကြတဲ့ ရီုဟင်ဂျာခေါ် ရခိုင်ပြည်ဘွား ဘင်္ဂါလီများ အရေး တရပ် ကို အာရပ် သတင်းစာ (Arab News) တခု မှာတွေ့ ရတဲ့ အတိုင်း ဝေငှ ပေးလိုက်ပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် မှာ ခိုလှုံရောက်ရှိသူ များ နေရပ်ပြန်ရေး နှစ်နိင်ငံအစိုးရများ စီစဉ်နေမှု ကိုတော့၊ မြန်မာပြည်သူတွေတိုင်း သိကြပြီးသားပါ။ ဒီ ( http://www.arabnews.com/node/1393351/world ) မှာ မလေးရှား နှင့် စင်္ကာပူ နိင်ငံချားရေးဝန်ကြီး များ၊ မလေးနိင်ငံရှိ ရီုဟင်ဂျာ-ဘင်္ဂါလီ များ ကို နေရပ် ပြန် နိင်ရေး အတွက် မြန်မာ အစီုးရနှင့် အာဆီယံ အစည်းအဝေး မှာ စကား ကမ်းလှမ်းမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒီသတင်းပါ အကြောင်း ဟာ နိင်ငံတကာ မှာ အရေးမပါ၊ အသေးအမွား ကိစ္စ တရပ် ဆိုပြိး မြန်မာ အစိုးရ အနေနှင့် လျှစ်လျှု ရှု မထားသင့်ပါ။ အနည်းဆုံး ကတော့ မြန်မာနိင်ငံအစိုးရ အနေနှင့်၊ ကိုယ့်တိုင်းပြည်နှင် တိုက်ရီုက် သက်ဆိုင်သူ၊ လက်ခံပေးရန်တာဝန်ရှိသူ၊ ရပ်ဝေးရောက် ဘင်္ဂါလီ များကို ဘယ်လိုခွဲခြား ရွေးချယ် လက်ခံရ မလဲ ဆိုတာ ပြင်ဆင် စဉ်းစား ထားသင့်ပါတယ်။

နိင်ငံတကာမှာလက်ရှိ ရိုဟင်ဂျာဆိုပြီး သတင်းစာများမှ သတ်မှတ်ထား သူတိုင်းကို လေ့လာကြည့်ရင်၊ ၄င်းတို့ အားလုံးဟာ မြန်မာပြည် ရခိုင်မှ လာသူများ မဖြစ်နိင်ကြောင်း တွေ့ ရပါမယ်။ မြန်မာပြည်သူ နှင့် မြန်မာအစိုးရ အတွက်လည် ကျီး နှင့် ဘုတ် ကို ခွဲခြားလို့  မရ ဆိုသလိုမျိုး ခံစားရပါမယ်။ တကယ်စေ့စေ့စပ်စပ် လေ့လာ မှသာလျှင် မြန်မာနိင်ငံနှင့်သက်ဆိုင်သူ များကို ခွဲချားသတ်မှတ် နိင်လာပါမယ်။

အမှန်ကတော့ မြန်မာ အစီုးရ လက်ထဲမှာ ၁၉၅၅ ခု ကစပြီး၊ ၁၉၈၃၊ ၁၉၉၃-၉၇ နှင့် ၂၀၁၃ အထိ ယင်းလူမျိုးစု လူဦးရေ စာရင်းဇယား၊ အ်ီမ်ထောင်စုစာရင်းနှင်တကွ၊ အတိအကျ ရှိထားပါတယ်။ ဒါဟာဘာကြောင့်လဲ ဆိုတော့၊ မြန်မာ အစိုးရ အဆက်ဆက်ဟာ၊ သမိုင်းကြောင်းအရ လွပ်လပ်ရေး ရခါစကစပြီး၊ ဒီလူမျိုးစုအပေါ်မှာ သံသယတရပ်နှင့်၊ စစ်ရေး၊ စီးပွားရေး နှင့် လူဝင်မှု တို့ ကို မျက်ချေမပြတ် စောင့်ကြည့်ခဲ့တဲ့ အနေအထား တွေ့ ရပါတယ်။ ၁၉၉၃-၁၉၉၇ ကတော့ ကုလသမ္မဂ-မြန်မာ စီစစ် မှုနှင့် ပြန်လည်လက်ခံထားတဲ့ စာရင်းဇယား ရှိနေပါတယ်။ လက်ရှိ နိင်ငံမဲ့ ( stateless ) အနေအထားရှိ သူများ ( white card အုပ်စု ) ကတော့ ၁၉၅၅ ခု မြန်မာနိင်ငံ လူဦးရေသန်းခေါင်စာရင်း ကောက်ယူချိန်မှာ၊ အကြောင်းအမျိုးမျိုးကြောင့် ပါကစ္စတန် နိင်ငံသားများ အဖြစ် သတ်မှတ်ထားခဲ့သူများ (လူဦးရေ ၁ သိန်းခွဲခန့် ) နှင့် ယင်းအဆက်အနွယ်များ ဖြစ်နိင်ဘွယ်ရှိတယ်လို့ ၊ စာရေးသူ အနေနှင့် မှန်းဆထားပါတယ်။

နိင်ငံတကာ ခိုလှုံခွင့် တောင်းခံသူများ အနေအထား

ဒီလိုမြန်မာ အစိုးရ ပြည်တွင်းမှာ စာရင်း အတိအကျ ရှိနေသော်လည်း၊ ရပ်ဝေးရောက် ရိုဟင်ဂျာ အမည်ခံသူများ အနေအထား ဟာ အုတ် အရောရော၊ ကျောက် အရောရော ဆိုသလိုရှိနေပါတယ်။ ဥပမာ ၂၀၁၅ မလေးရှား လှေစီးပြေး ဒုက္ခသည်များ ကိစ္စ မှာ၊ ၈၅ ရာနှုံးလောက်ဟာ ဘင်္ဂလာဒေရှ် နိင်ငံသားများဖြစ်ပါတယ်။ ကုလသမ္မဂ မှာ စာရင်း တင်တိုင်း ရခိုင်ပြည်က ဖြစ်နိင်သလား။ ဒါ စစ်ကြောစရာ မေးခွန်း တရပ် ဖြစ်လာပါမယ်။

ပြည်တွင်းမှာရှိတဲ့ မြန်မာ လူထု အနေနှင့် ကတော့၊ ခိုလှုံခွင့် တောင်းခံသူများ နှင့် ရွေ့ ပြောင်းအလုပ်သမား တို့ ခြားနားတဲ့ အနေအထားတရပ်ကို သတိပြုထားရပါမယ်။ ရွေ့ ပြောင်းလုပ်သား ဆိုတာမျိုးကတော့၊ နိင်ငံရပ်ခြားရောက်စဉ် အခြေအနေပေးတဲ့အချီန်မှာ တတ်နိင်သမျှစီးပွားရှာ၊ ယင်းနိင်ငံ လူဝင်မှု နှင့် အစိုးရများက ပြန်ကြပါ ဆိုလျှင်လည်း၊ ငြင်းဆန်မှု မရှိ လိုက်နာတတ်တာကြတာ ဖြစ်ပါတယ်။

တမြေရပ်ချား ခိုလှုံခွင့် တောင်းခံသူများ ကတော့ ယင်းအနေအထားတရပ် မရှိပါ။ နေရပ်ပြန်ဖို့ တိုက်တွန်းရန် လုံးဝ မလွယ်ကူပါ။ ဒါ ရိုဟင်ဂျာ မှမဟုတ်၊ အခြား အခြားသော ခိုလှုံခွင့် ခံလိုသူ မြန်မာနိင်ငံသာအများလည်း ဒီအတိုင်းပါဘဲ။ ပြည်တော်ပြန်ရမယ်ဆိုရင် အကြောက်အကန် ကျားကုတ်ကျားခဲ ငြင်းဆန် မှု၊ ဘေးလူတဖက်သားကို ရန်လိုမုန်းတီးမှု နှင့် ရန်ရှာလာမှု များ မဆွ ဖြစ်လာနိင်ပါတယ်။ သြစတေးလျှားမှာ ဆိုရင် အများကြီးပိုဆိုးပါတယ်။ စာရေးသူနှင့် အသိ၊ မြန်မာ စကားပြန်လုပ်စားသူ၊ နိင်ငံရေးသမားတဦး ဆိုလျှင်၊ ခိုလှုံခွင့် လျောက်ထားသူများ အတွက် ဝန်ဆောင်မှု လုံးဝ မပေးပါ။ ဘာကြောင့်လည်း မေးတော့ "ဆရာရေ သူတို့ အမှုရှုံးရင် မြန်မာ စကားပြန် ကိုဘဲ အပြစ်ရှာ တရားစွဲ လုပ်တတ်လို့ " ဆိုပြီး ပြောပါတယ်။သူတို့ နေထိုင်ခွင့် လျောက်ထားသူတွေ က အမှုသွား ရုံးတက်၊ အချိန်ထပ်မံဆွဲဖို့ လုပ်တာဖြစ်ပါတယ်။ အဲလို မျိုး လူများလာရင်၊ လူစုလာရင် ပိုပြီး နိင်ငံရေး အရ ပြသနာ ဖြစ်လာတတ်ပါတယ်။ (စာရေးသူ ကတော့ သြစတေးလျှားနိင်ငံတွင် ၊ ၄င်း လူဝင်မှုကိစ္စများမှ ရှင်းလင်းစွာပင်နေလို၍၊ လူမှုရေး အခါပေးခြင်း - စကားပြန်ခြင်း စသည်တို့ လုံးဝမလုပ်ပါ)။

ခုမြန်မာနိင်ငံက ရီုဟင်ဂျာ-ဘင်္ဂါလီများ ဆိုရင်တော့၊ ပြည်တော်ပြန်ဖို့  ပိုမိုလို့  ခက်ခဲလာပါမယ်။ ဥပမာ အဝေးရောက် မြန်မာတိုင်းရင်းသားများ (ကရင်၊ဗမာ၊ချင်း၊ရှမ်း -- စသည်များကိုဆိုလိုသည်)၊ နှစ်ပေါင်းဘယ်လောက် ကြာနေပါစေ၊ မြန်မာနိင်ငံ ကို တနည်းတဖုံ ဖြင့် ပြဿနာ မရှိ ပြန်လာရနိင်စရာ အကြောင်း ရှိပါတယ်။ ရီုဟင်ဂျာ-ဘင်္ဂါလီ များ ကတော့ အစိုးရကလဲ မူလမှတ်ပုံတင် ထုတ်ပေးမထား၊ အီမ်ထောင်စု စာရင်းနဲ့ သာ တိုက်ညှိရမှာဖြစ်ပါတယ်။ ပြည်တော်ပြန်ဖို့  ပိုမိုခက်ခဲမှုရှိ မယ်ဆိုတာ စာနာနိင်လောက်ပါတယ်။

ခုဒီ မလေးရှားရောက် ရိုဟင်ဂျာ-ဘင်္ဂါလီများ ကိစ္စမှာတော့၊ မလေးအစိုးရ အနေနှင့်၊ ပြည်နှင်ထုတ် လိုမှု ဟာ၊ စကားမဟုတ်၊ တကယ်ဖြစ်နိင်စရာ ရှိပါတယ်။ ဘာကြောင့်လဲဆို၊ လက်ရှိ မဟာသီယာ-အန္နဝါ (Mahathir Mohammad, Anwar Ibrahim) စုံတွဲ အစိုးရ ရှိ။ (အန္နဝါရဲ့ ပါတီ) အတိုက်အခံ အနေအထားမှာရှိစဉ်၊ ရွေးကောက်ပွဲများမှာ တချီု့  ရီုဟင်းဂျာတွေ နဂျစ်ရာဇတ် (Najib Razak) အစိုးရက တဖက်လှည့် လိမ်လည် မဲထည့် မှုများ မှာ ပါဝင်ပါတ်သက်မှု ရှိနေခဲ့တယ်လို့  ကြားရပါတယ်။ လက်ရှိ မလေးရှား အစိုးရ အနေနှင့် ယင်း ရီုဟင်ဂျာ အမည်ခံသူများ အပေါ် တင်းကျပ်လာနိင်စရာ အကြောင်းရှိပါတယ်။

အစိုးရများ အနေအထား

ဒီ နိင်ငံတကာမှာရှီနေတဲ့ ရိုဟင်ဂျာများ အရေး ကိစ္စ မှာက၊ ပါဝင်ပါတ်သက်တဲ့ အစိုးရများရော၊ ရိုဟင်ဂျာ အမည်ခံလိုသူများရော၊ သမိုင်း အမှန်တရား ကို မျက်ကွယ်ပြုလိုမှု၊ သေချာစွာဆန်းစစ်မှု မပြုပဲ ရေလိုက်ငါးလိုက် လုပ်လိုမှု များ ရှိနေပါတယ်။ အထူးသဖြင့် ကတော့၊ သူတို့ အာရပ်နိင်ငံ (ဆော်ဒီ-ကူဝိတ် ) များနှင့် အခြား အရပ်မှာ ရောက်ရှိနေပြီး မြန်မာနိင်ငံ မှ ရိုဟင်ဂျာ အဖြစ် သတင်းလွှင့် ခံယူ ထားကြသူများ ကတော့၊ သမိုင်း အမှန်တရား ကို ဘေးခေါက်ထား၊ ရေလိုက်ငါးလိုက် သာ နေသွားကြဖို့ ဆန္ဒရှိပုံရပါတယ်။

အစိုးရများ ဒီကိစ္စ မျက်ကွယ်ပြုမှု ဥပမာ။ မြန်မာ လက်ရှိ နိင်ငံရေး အစိုးရဆိုလျှင်၊ ဘင်္ဂါလီ ကိစ္စ၊ နိင်ငံမဲ့ အနေအထားဖြစ်မှု ( statelessness ) ကိစ္စ တို့ ကို စကား လုံးဝ မဟတာ တွေ့ ရပါတယ်။ အမှန်ဆိုရင် စာရေးသူ အနေနှင့် ၂၀၁၆ ယင်းအစိုးရ တက်ပြီး လျင်ပြီးချင်း၊ ယင်း ဘင်္ဂါလီများ နိင်ငံမဲ့မှု စတင် ဖြေရှင်းဖို့ ၊ ပြည်သူကို အခြေအနေ ပညာပေးထားဖို့ ၊ အကျီုးအကြောင်း အခြေခံ ခိုင်လုံစွာ တင်ပြပြီးသား ဖြစ်ပါတယ်။ သို့ သော်လည်း မြန်မာအစိုးရ အနေနှင့်၊ ဘာတခုမှလုပ်ဆောင်လာမှု မရှိပါ။ ဒီ-ချုပ် အစိုးရ အနေနှင့် နိင်ငံတကာ -- BBC, CNN -- က စူးစမ်းလာမှု များမှာ ရှင်းလင်းမပေးနိင်၊ ဖြေရှင်းရာမှာ အိုးနင်းခွက်နင်း ဆိုသလို ဖြစ်လာတာတွေ့ ရပါတယ်။ တင်ပြထား နိင်ငံရေး စာတမ်း ကို နားလည်မှု မရှိတာလား ( နိင်ငံရေး အခြေခံ မရှိ၍ ) အပြင်၊ မသိရင်မေး မစင်ရင် ဆေး မလုပ်ရဲ တာလား (ဆရာတင်ရန် ကြောက် ၍)-- ဒီနေရာမှာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီပြသနာဟာ မြန်မာနိင်ငံရေး ခေါင်းဆောင်ပိုင်း အနေနှင့် လေ့လာဆည်းပူးမှု နည်းပါး၊ နိင်ငံရေး အမြင် ကျဉ်းမျောင်းမှုများ ကြောင့် ဖြစ်ပါတယ်။ ဒီ-ချုပ် ပါတီ တရပ်လုံးကို ဆိုလိုပါတယ်။

တဖန်လည်း၊ ပါကစ္စတန်ပြည်မကြီး ကိုလည်း စာရေးသူ အနေနှင့် ရိုဟင်ဂျာ နိင်ငံ မဲ့နေသူများ ကိစ္စ၊ စုံစမ်းစစ်ဆေးပေးဖို့  ၂၀၁၅ က စာရေး ပန်ကြားဖူးပါတယ်။ ဒီတုံးက ပါကစ္စတန် မှာ မူဆလင် ဘာသာရေး၊ နိင်ငံရေး အဖွဲ့ အစည်းများ မြန်မာပြည်ရိုဟင်ဂျာများ ကိစ္စ ကို သဲသဲလှုပ် အရေးဆို ပြောကြားနေကြချီန်လည်းဖြစ်ပါတယ်။ ယင်းအချိန် သမ္မတ ကတော့ နဝါရှာရိ (Nawaz Sharif ) ပါ။ စာရေးသူဟာ (ဟင်္သာတသား မြန်မာ အစစ် ဗုဒ္ဒဘာသာဝင်)၊ အမှန်ဆိုရရင်၊ ဒီ ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စ ကို ၁၉၉၁-၉၂ ကတည်းက မျက်ချေမပြတ် လေ့လာ၊ လူသားချင်းစာနာမှုစိတ်ဓါတ်ဖြင့် ( humanitarian spirit )တတ်နိင်သ၍၊ ၄င်းတို့ အတွက် ငွေကြေးနှင် အခြား အကူအညီ ပင်မတတ်နိင်ငြားသော်လည်း၊ နှုတ်ဖြင့် စောင်မခြင်း ပြုရာ၏၊ ဆိုသလို ပြုသူဖြစ်ပါတယ်။ အဲဒီအချိန်၊ ဘင်္ဂလာဒေ့ရှ် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ (၂၂၀၀၀) ခန့်  ကို မြန်မာနိင်ငံ မှ လက်ခံမှု မပေးနိင် (စာရင်းဇယား မရှိ၍) ဖြစ်နေခဲ့ပါတယ်။ ယင်းတို့  မြန်မာနိင်ငံ ကမဟုတ်နိင်တာ သေချာလောက်တဲ့ အတွက်၊ ပါကစ္စတန်ပြည်မကြီး ကို ချဉ်းကပ် အကူအညီတောင်းတဲ့ သဘောပါ။

အဲဒီမှာ စာရေးတောင်းတော့ ဘာမှတော့ ဖြစ်မလာဘူးဗျ။ ထူးဆန်းတာ တခုတော့၊ နိင်ငံရေးသမားများ သဘောသဘာဝ၊ မြန်မာစာဖတ်သူများသိအောင် ဖောက်သည်ချလိုက်ရ ဦးမည်။ အဲဒီ ရိုဟင်ဂျာအကြောင်း နိင်ငံတကာမှာ သဲသဲလှုပ် အရေးဆိုနေတဲ့ ပါကစ္စတန်က မူဆလင် နိင်ငံရေး အဖွဲ့ အစည်းတွေ "မီးကိုရေနှင့်သတ်" ဆိုသလို ငြီမ်သွားတာ တွေ့ ရတယ်။ နဝါရှာရိ ဆီကလည်း ဘာဆို ဘာမှပြန်မလာဘူး။ သူတို့  ကင်ဘာရာမှာရှိတဲ့ သံရုံး ကလည်း ၄င်းစာ လက်ခံရရှိကြောင်း အသိအမှတ်တောင် မပြုဘူး။ ပါကစ္စတန် ပါလီမန် နိင်ငံရေးသမားများ ယင်းမိတ္တူစာ ပေးပို့ ထားလည်း ဘာဆိုဘာမှ လုံးဝ ပြန် မကြားရတော့ဘူး။

ွှအဲဒီတော့၊ စာရေးသူက တော့ တရားသံဝေဂ တရပ် ကိုဘဲ ယူလိုက်ရပါတယ်။ နိင်ငံရေးသမား၊ နိင်ငံရေး အဖွဲ့  အစည်းဆိုတာတွေက၊ ကိုယ် နာမည်ကောင်းရဖို့ ဦစားပေး။ မှန်-မမှန် အရေးမထား၊ အကြောင်း တခုရှာ လူစုဖို့ ၊ ခေါင်းဆောင်လုပ်ဖို့ လောက်ပဲ စိတ်ဝင်စားတတ်ကြပါလား။ တကယ် ဒုက္ခဆင်းရဲ ရောက်ရှိနေသူများ အတွက်တော့ ခေါင်းရှုပ်တောင်မခံ၊ ကူညီဖို့  စိတ်ကူး မရှိကြပါလား ဆို စိတ်မကောင်း အထူးဖြစ်ရပါတယ်။ ဒါ ပါကစ္စတန်မှတင် မဟုတ်၊ သြစတေးလျှားမှာလည်း ဒီပုံ၊ မြန်မာနိင်ငံရေးသမားတွေလည်း ဒီလမ်းကိုလိုက်နေကြပြီလား၊ တွေးတောစရာ တရပ်ဖြစ်ပါတယ်။ ဒီအနေအထား တရပ်ကို၊ မြန်မာပြည်သူတွေသာမက၊ နေရာ အရပ်ရပ် မှာရောက်နေတဲ့ မြန်မာပြည်ဖွား ဘင်္ဂါလီ-ရိုဟင်ဂျာများရော အားလုံး အတွက်၊ သိသာ နိင်ကြရန် မျှဝေပေးလိုက်ပါတယ်။

မြန်မာ ဘာသာရေး၊ လူမျှီုးရေး အစွန်းရောက်များ အနေအထား

မြန်မာပြည်တွင်း က၊ နလပိန်းတုံး အစွန်းရောက် အုပ်စုများလုပ်ရပ် ဟာလည်း၊ အထက် ဖေါ်ပြထားခဲ့တဲ့ ပါကစ္စတန်က မူဆလင် နိင်ငံရေး အဖွဲ့  အစည်းတွေရဲ့  လုပ်ရပ် နှင့် အတူတူပဲ ဆိုတာတွေ့ ရပါမယ်။ ကုလားမုန်းတီးရေး လှုံ့ ဆော်၊ မှန်တာ-မမှန်တာ သေချာ စဉ်းစားသုံးသပ်မှု မရှိ။ လူစုလူဝေးရှိ လက်သီးလက်မောင်းတန်း၊ ဗမာမျီုးချစ်စိတ် ထက်သန်လှပါကြောင်း လူသိအောင်ကြွေးကျော်၊ မူဆလင် နှင့် ကုလားလူနည်းစုကို အနိင်ကျင့်။ လူသားချင်းစာနာမှု လုံးဝမရှိ။ နိင်ငံတော် တည်ငြီမ်ရေး၊ အချုပ်အချာတည်မြဲရေး စသည့် စသည်တို့ ကိုစဉ်းစားဆင်ချင် မှု မပြု။ ဒီ-ချုပ် အစိုးရက နလပိန်းတုံး အစွန်းရောက်များကို မှန်ကန်စွာ မထိမ်းချုပ်တဲ့ ရလဒ် ကတော့၊ ဒီရီုဟင်ဂျာ-ဘင်္ဂါလီ ကိစွမှာ ကုလသမ္မဂ လုံခြုံရေးကောင်စီမှ ဝင်ရောက်စွက်ဖက်မှု ရှိလာတာဖြစ်ပါတယ်။ အမှန်ကတော့ ဗိုလ်ချုပ်နေဝင်းလို စစ်အာဏာရှင်တဦး က ပင်လျှင် ၁၉၇၉-၁၉၈၂ မှာ ဒီ ရိုဟင်ဂျာ-ဘင်္ဂါလီ များကို လျစ်လျုရှ မထား ပြန်လည် စီစစ်လက်ခံ မှု ပြုခဲ့တာဖြစ်တယ်။ ယခုလည်းပဲ၊ မြန်မာအစီုးရ ပြည်ပရောက် ရခိုင်ပြည်ဖွား ဘင်္ဂါလီများ ပြန်လည်လက်ခံ မှု ပြုရာ မှာ ယင်း အစွန်းရောက်များ၊ ခွေးများ ဟောင်ကြသလို၊ ဟောင်ကြ ဆူကြဦးမယ်။ မြန်မာပြည်သူလူထု အထူး သတိချပ်ကြပါ။

U Ne Oo, Sydney.

စာရှုသူများ၊ ဒီစာကို ဖတ်ရှုပြီး သင့်သလို ( Like, Share ) လုပ်ပေးကြပါ။ မြန်မာနိင်ငံ မှာ ရိုဟင်ဂျာ ဆိုတာ မရှိခဲ့ကြောင်း၊ ၁၉၄၈-၆၁ မှာ ဗိုလ်ချုပ်အောင်ကြီး၊ ဦးနု အစိုးရ မှ ယင်းရိုဟင်ဂျာ စကားလုံးကို တရားဝင် သုံးစွဲခဲ့ ကြောင်းများ အောက်ပါ ဝက်ဘ်ဆိုက် မှာ မြည်သူမဆို ဖတ်ရှ လေ့လာနိင်ပါတယ်။
http://www.rohingya-faqs.org/node/5

The plights of "Rohingya" has been endless, since the fateful days of 1948, when Burma gain her independence from Great Britain. For that muslim community of Northern Arakan, the events took a wrong turn under the political leadership of Jamiatul Ulama, even before the entire cabinet of Gen. Aung San and political leadership (7 of them) were being assassinated in July 1947. No sympathetic voices were left to hear the plights of "Rohingya/Bengali", who are of East Pakistanis origins.

The problem of "Rohingya/Bengali" has again being compounded in 1971, when the then East Pakistan had break away and became a new nation of Bangladesh. At that time, about 500,000 war refugees had entered into Northern Arakan for refuge and safety, where "Rohingya/Bengali" ethnic brethren are residing. The then Burmese military dictator General Ne Win did not ask for UN support or intervention, but looked the other ways and tolerated the refugee influx. But when things calm down on the other side of the border, Burmese Government expelled those war refugees in 1979 by the immigration operation, known as "Operation King Dragon". In fact, those being expelled may mainly belongs to either Bangladesh or Pakistan.

In 1991, under the leadership of General Saw Maung, the "Rohingya/Bengali" were wrongfully targeted for expelling to Bangladesh. But Burma later signed a repatriation agreement with UNHCR in 1993, taken back most of the 250,000 that were expelled.

In fact, the roots of the statelessness of "Rohingya/Bengali" people, of course, mainly rests upon Burma. But decades of Burma dictatorship alone cannot be blame for all the woes of present day "Rohingya/Bengali". In fact, the statelessness of "Rohingya/Bengali" was never quite resolved within the three responsible states, i.e. Burma, Bangladesh and Pakistan. Now people proclaiming themselves of "Rohingya" can be found in Myanmar, Bangladesh and Pakistan. The immigration status of whoever claimed to be "Rohingya of Myanmar" can be historically complex and need a very, very careful considerations.

Latest publicly known crisis on Rohingya migrants to Malaysia had taken place on 2015, also known as "the Asian boat crisis". On those smuggling boats, some seized by Burmese Naval Forces, about 85% are Bangladeshis.

The years long discussions (2012-2015) of this complex subject has been recorded in following URLs, and extracted in a 5 page FAQs. -- Regards, U Ne Oo.

http://www.arabnews.com/node/1393351/world

Discussions on Rohingya/Bengali
http://www.netipr.org/policy

FAQs on Rohingya
http://www.rohingya-faqs.org/faq-01.html