ဒေါ်လာစားလား ၊ ကုလား လား မေးခွန်းများ

မေးခွန်းများ။ မင်းက ဒေါ်လာစားလား။ ကုလား-မွတ်ဆလင်လား။ ဘာကောင်လဲ။ မင်းနှင့် ဘာဆိုင်သလဲ။
ဒါတွေကတော့ အများဆုံး တွေ့ တတ်ရရှိတဲ့ မေးခွန်း တချို့ ပါ။ စာရေးသူ (ဦးနေဦး။ ဆစ်ဒနီ) ဟာ၊ အမေ-အဖေ အဖိုး-အဖွား စဉ်ဆက် အားလုံး ဗမာလူမျိုး စစ်စစ် ရေမရော ပါ (ကုလားမဟုတ်)။ ဧရာဝတီတိုင်း ဟင်္သာတ နယ် ဇာတိ။ အားလုံး ဗုဒ္ဒဘာသာဝင် စဉ်ဆက်ပါ (မူဆလင် မဟုတ်)။ ၁၉၈၈ ခု သြစတေးလျှား နိင်ငံကို ရူပဗေဒ ပညာတော်သင် အဖြစ် ရောက်ရှိ ၁၉၉၃ ဒီက ပါရဂူ ဘွဲ့ ရရှိပြီးပါ။ ၁၉၉၂ ခုမှာ နိင်ငံရေး ဒုက္ခသည် အဖြစ် လျောက် ထားခံယူခဲ့ ပြီး။ ယင်းမှ တလျှောက်လုံး၊ ကိုယ် တတ်စွမ်းသမျ မြန်မာ ဒီမိုကရေစီရေး။ လူ့ အခွင့် အရေး ၊ အထူးသဖြင့် နိင်ငံတကာ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တို့ ကို။ မည်သူဆီကမှ တပြားတချပ် အကူအညီ မယူခဲ့ (ဒေါ်လာမစား)၊ လုပ်ဆောင်သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒီနိင်ငံမှာ ရနိင်ရာအလုပ် ဖြစ်သည့်၊ စက်ရုံအကူ ( factory hand ) အဖြစ်၊ သားကျွေးမှု မယားကျွေးမှု ပြုရပါတယ်။ နိင်ငံရေး လုပ်စားသူ မဟုတ်ပါ။ ဒီ ဒုက္ခသည်များ စောင့်ရှောက်မှု ကတော့ လူ့ အခွင့်အရေး တရပ် ဖြစ်တဲ့ အတွက်၊ “လူမျိုး - ဘာသာ - အချိန်နေရာ မရွေး” ဆိုသလို၊ ဖက်မလိုက်၊ မျက်နှာမလိုက်၊ မှန်ကန်ဖြစ်သင့်သည်များ အတွက် (ကိုယ်ကဘာကောင်မှမဟုတ်)၊ အစိုးရများကို မထောက်မညှာ ပြောဆိုရပါတယ်။ ဒါတွေဟာ ကိုယ်လည်း အချိန်ရသမျှ (တကိုယ်တော်) ကြီုးစား ဆောင်ရွက် မှု များ ဖြစ်ပါတယ်။ ဒီ အင်တာနက် ဒိုမိန်း နှင့် ဝဘ်ဆိုက် များကို ကိုယ်တိုင် တဦးတည်း စီစဉ်တည်းဖြတ်၊ ကိုယ်တိုင်ငွေကြေးစိုက်ထုပ်၊ ဆောင်ရွက်ပါသည်။ မည်သူ့ အကူအညီ မှမယူ (မယူ) ပါ။

၁။ ၁၉၉၂ ခုနှစ်က စ၍ မြန်မာဒီမို ကရေစီရေးလုပ်ဆောင်မှုများ၊ အောက်ပါရှု။
http://www.netipr.org/uneoo
၂။ လက်ရှိ ရိုဟင်ဂျာ-ဘင်္ဂါလီ များ အခန်းကဏ္ဍ ဆွေးနွေးမှုများ၊ အောက်ပါရှု။
http://www.rohingya-faqs.org/
၃။ ၂၀၁၂-၂၀၁၅ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ လှုပ်ရှားသူများ နှင့် ရှေးရခိုင် သမိုင်းကြောင်း၊ လက်ရှိ အခြေအနေများ ဆိုင်ရာ ဆွေးနွေးမှုများ (အင်္ဂလိပ်ဘာသာဖြင့်)၊ အောက်ပါရှု။
http://www.netipr.org/policy/
၎။ လက်ရှိ သြစတေးလျှား အစိုးရ မှ၊ ယင်းနိင်ငံဝင်ရောက် ခိုလှုံလို ဒုက္ခသည် အချို့ အား၊ ပစိဖိတ် ကျွန်းနိင်ငံ များတွင် ထားရှမှု၊ တနည်းအားဖြင့် “လူကျွန်ပြုမှု” ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ICC သို့  ကိုယ်တိုင် လက်ရှိစွဲချက်တင် ပေးပို့ ချက်များ ဆိုင်ရာ၊ အောက်ပါရှု။
http://www.aus4iccwitness.org/