ဒေါ်စု ICJ မှာတင်ပြချက် ကိုသုံးသပ် ခြင်း။

ဒေါ်စု ကုလသမ္မဂ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး (ICJ) မှာ ဒီဇင်ဘာ ၁၂ ရက်က တင်သွင်း ထားသည့် အချက် အချီု့ ကို၊ ပြန်လှန် သုံးသပ် ပေးလိုက်ပါတယ်။ သူမ ရဲ့  တင်သွင်းချက် ကို ခြုံငုံ သုံးသပ်မယ် ဆိုရင်တော့၊ မြန်မာ အစိုးရ ရဲ့ ဒီ ရိုဟင်ဂျာ-အမည်ခံ-ဘင်္ဂါလီ လူမျိုးစု အပေါ် လုပ်ရပ်များ ကို၊ အစိုးရဖက် က ကာကွယ် ပြောဆိုသွားတာ သိသာပါတယ်။ ဒါကလည်း၊ နိင်ငံ အကြီးအကဲ တဦး အဖြစ်၊ သူမ အနေ နှင့် လုပ်သင့်လုပ်ထိုက် တာ ကိုလုပ်ဆောင်ခြင်းဖြစ်တယ်၊ ဆိုတာ မြန်မာ အများစု အနေနှင့် နားလည် သဘောပေါက်နိင်ပါတယ်။ သို့ သော် နိင်ငံတကာ အ နေအထား နှင့် ကြည့် လိုက်လျှင်တော့၊ “မိုးကြီုးပြစ်တာကို ထန်းလက်နှင့် ကာ” ဆိုသလိုသာ ဖြစ်ပါမယ်။ လုံလောက်မှု ထိရောက်မှု မရှိ ( မရှိ ) နီင်ပါ။ ဒါ အပြင်လည်း၊ ယင်း တနေ့ တည်းမှာ ပဲ၊ ကုလသမ္မဂ အချက်အလက်ရှာဖွေရေး အဖွဲ့  (UN Fact finding mission) က တင်ပြသွားတာ မှာ၊ မြန်မာနိင်ငံတွင်း ယင်း မူဆလင်-ဘင်္ဂါလီ ကုလား လူနည်းစု ကို၊ ဗမာ-ရခိုင် အစွန်းရောက်များ မှ နင်ဘဲငဆ ပြောဆိုဆဲရေး မှု၊ လူထု အနေဖြင့် အကြမ်းဖက် ကိုင်တွယ် ရေး ရန်ပြု လှုံ့ ဆော် မှု များ ပြုလုပ် နေကြချိန် မှာ၊ အမျိုး ဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်တကွ၊ တာဝန်ရှိ မြန်မာ အာဏာပိုင်များမှ တားဆီးမှု မပြု ခဲ့ကြ ကြောင်း၊ တင်ပြ ပြောဆိုသွားပါတယ်။



ဒေါ်စု ICJ တရားရုံးတွင် လျောက်လဲ တင် ပြ နေစဉ်။

တဖန်လည်း အေအေ (AA) နှင်း အာဆာ(ARSA) တပ်များ သောင်းကျန်းမှုကြောင့်၊ မြန်မာတပ်မတော် ဝင်ရောက်ထိန်းသိမ်း ခဲ့ရမှု ဆိုတဲ့ အကြောင်း ပြချက်ဟာ ခိုင်လုံမှု မရှိပါ။ ပြောရရင်၊ အေအေ တပ် ဆိုတာ မနေ့ တနေ့  ကမှ ပေါ်ပေါက် လာခဲ့တဲ့ သူပုန် ဆိုတာ လူတိုင်း သိကြပါတယ်။ နိင်ငံတကာနိင်ငံရေးများ တွင်၊ ဒီလိုပြသနာတရပ် (ဥပမာ။ ရိုဟင်ဂျာ-ဘင်္ဂါလီလူမျိုးစု ) ဖြေရှင်းရာမှာ၊ အကြမ်းဖက်အုပ်စု တခု (ဥပမာ။ အေအေ) ကို ကိုယ်တိုင် ဖန်တည်း ပြီး၊ ကိုယ်လိုချင်တဲ့ ရလဒ် (ဥပမာ။ ရခိုင်ပြည်မှ မောင်းထုတ် ) ကို ရအောင်ဖန်တည်း လို့ ရတယ်ဆိုတာ၊ လူတိုင်းသိပြီးပါ။ မြန်မာပြည်တွင်းမှာတော့၊ ဘယ်သူကမှ သိပ်အရေးမထား ဂရုမစိုက်လောက်ပေမဲ့၊ နိင်ငံတကာ၊ အထူးသဖြင့် ကုလသမ္မဂ လို နေရာမျိုးမှာ၊ “မပြေးသော်လည်း ကန်ရာရှိ” ဆိုသလို၊ ဗျောင် လိမ် တင်သွင်း၍ မရနိင်ပါ။

ဒီမှာ မြန်မာပြည်သူတွေရော၊ အစိုးရပိုင်းပါ သတိချပ်ကြဖို့ က၊ မြန်မာနိင်ငံတွင်း တရားဝင်နေထိုင်ခွင့်ရှိသည့်၊ ယင်း လူမျိုးစုမှ ၇-သိန်း ကို တဖက်နိင်ငံသို့  တာဝန်မဲ့ မောင်းထုတ်ခဲ့မှု ( Organised Expulsion ) ဟာ၊ ၁၉၄၈ ခု ကုလသမ္မဂ ဂျီနီဗာစာချုပ် (Genocide, Geneva Convention) နှင့် ငြိစွန်းသည်သာမက၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေ (International Humanitarian Laws, Crime Aganist Humanity) အခန်းကဏ္ဍ ကိုပါ ချိုးဖောက်ခဲ့ မှုဖြစ်ဖွယ်ရှိကြောင်း၊ အောက်ပါ အတိုင်း စာရေးသူ သိသမျှ ကို မျှဝေပေးလိုက်ပါတယ်။ ပြထား ဝဘ်ဆိုက် မှာလည်း၊ မူရင်းစာတန်းများ ပြည်သူအများ ဒေါင်းလုဒ် (download) ဆွဲလေ့လာနိင် ကြရန် စီစဉ်ပေးထားပါတယ်။

[ICJ, International Court of Justice; အပြည်ပြည်ဆိုင်ရာ တရားခုံရုံး, 1948 Geneva Convention ]

၁၉၄၈ ဂျီနီဗာ စာချုပ်။ ယင်းစာချုပ်အရ၊ အစိုးရ၏၊ အောက်ပါ လုပ်ရပ်များသည် စည်းမျဉ်းချိုးဖေါက်မှုများ ဖြစ်သည်။

ှုII. In the present Convention, genocide means any of the following acts committed with intent to destroy, in whole or in part, a national, ethnical,racial or religious group, as such :
(a) Killing members of the group;
(b) Causing serious bodily or mental harm to members of the group;
(c) Deliberately inflicting on the group conditions of life calculated to
bring about its physical destruction in whole or in part;
(d) Imposing measures intended to prevent births within the group;
(e) Forcibly transferring children of the group to another group.

အထက်မှာရေးထားတာ ကြည့်ကြမယ်ဆိုရင်၊ (a) မှာတော့ အားလုံးသိပြီး အချက် ဖြစ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ပြုချင်းကို ရည်ညွန်းထားပါတယ်။ ဒါတင်မက ( c ) ကို ကြည့်လိုက်မယ်ဆိုရင်၊ “လူမျီုးအုပ်စုတခုကို ပျက်သုန်းပပြောက်စေရန် ဦးတည် ကြံရွယ်လုပ်ဆောင်မှု” ဟာလည်းပဲ၊ ယင်းစည်းမျဉ်းချိုးဖေါက်မှု တရပ် ပင် ဖြစ်ပါတယ်။ ဒီမှာ မြန်မာနိင်ငံ လွပ်လပ်ရေး ရစ၊ ဦးနုခေတ်၊ ဗိုလ်ချုပ်နေဝင်းခေတ် တလျောက်လုံးမှာ၊ ရခိုင်ပြည်မှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသူ ယင်းလူမျီုးစု၊ ၂၀၀၈ မြန်မာနိင်ငံ ဥပဒေပြုမှု နှင့်ရွေးကောက်ပွဲများမှာ လည်းပဲ မဲပေးပါဝင်ခဲ့သူ ( White Card ) အများစုကို မှတ်ပုံတင် အမှန်ထုတ်မပေး။ အခွင့်သာလာသည် နှင့် တပြိုင်နက်၊ ယင်း လူ ၇-သိန်း တို့ ကို တဖက်နိင်ငံ သို့ ၊ တရားမဲ့ မောင်းထုတ်ခဲ့ မှုဟာ၊ ဒီအချက်နဲ့ တိုက်ရိုက် ငြိစွန်း သွားပါမယ်။

[ICC, International Criminal Court; နိင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး, 2002 Rome Statute ]

တဖန်လည်း၊ ၂၀၀၂ နိင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး ( ICC Rome Statute ) စာချုပ်။ အဓိကစာပိုဒ် ၇ ( Article 7 ) အရဆိုလျင်လည်း ၊ အောက်ပါလုပ်ရပ်များဟာ၊ လူသားထုတရပ်လုံး နှင့် ဆန့် ကျင်ဖက်ဖြစ်သည့် နိင်ငံတကာ ရာဇဝတ်မှုကြီး များ (Crime Against Humanity) အဖြစ်သတ်မှတ်ထားရှိပါတယ်။ ဥပမာ။

(c) Enslavement;
(d) Deportation or forcible transfer of population;

အထက်က မှာ ပြဆိုထားတာကတော့၊ “(c) လူကျွန်ပြုမှု၊” “(d) လူ အများစုကို အစုလိုက် အပြုံလိုက် နှင်ထုတ်ရွေ့ ပြောင်းစေခြင်း” လို့ ဖေါ်ပြထားပါတယ်။ အောက်မှာကတော ( d ) အချက်ကို အသေးစိတ်ထပ်မံ ရှင်းလင်းထားပါတယ်။

(d) ‘Deportation or forcible transfer of population’ means forced displacement of the persons concerned by expulsion or other coercive acts from the area in which they are lawfully present, without grounds permitted under international law;

ဒီမှာ “coercive acts" လို့ ပြောထားတာ ကတော့၊ တမင်တကာ အကျဉ်းအကျပ် တရပ်ဖြစ်အောင် ဖန်တည်း လုပ်ဆောင် တဲ့ လုပ်ရပ် အားလုံး ရည်ညွန်းထားပါတတယ်။ ဥပမာ၊ မြန်မာအစိုး ရအနေဖြင့် ၂၀၁၂-ခု အရေးကိစ္စ များ အေးငြီမ်းချိန် မှာ ယင်း လူမျိုးစု များကို နေရာမှန်ပြန် ပို့ ရန် မစီစဉ်၊ မှတ်ပုံ မရှိသူများ ကိုထုတ် မပေး၊ ယင်းတို့ နေထိုင်စားသောက်ရေး မှာ ကျဉ်းကျပ် အောင် တမင် ဖန်တီးမှု၊ ယင်းတို့ နေရပ်မှ ထွက်ခွာစေမှု များဟာ၊ ဒီဥပဒေ ဘောင် ချီုးဖေါက်မှု ဖြစ်နိင်ပါမယ်။

ဒီမှာ ပြောချင်တာက၊ စစ်ဆင်ရေး အချိန်အတွင်း၊ ပြည်သူ များ ရွေ့ ပြောင်းစေမှု ဟာ၊ လက်ရှိ ကချင်ပြည်နယ် ရှမ်းပြည်နယ် စသည်တို့ မှာလည်း၊ ရှိနေပါတယ်။ ဒါပေမဲ့ နိင်ငံတကာ နယ်နိမိတ် အတွင်းမှာသာ အများစု ဖြစ်ပွားပါတယ်။ ရို-ဘင်္ဂါလီတို့  ရွေ့ ပြောင်းမှု မှာက၊ နိင်ငံတကာ နယ်နိမိတ် ကို ကျော်ဖြတ်ခဲ့ တာဖြစ်ပါတယ်။ တဖန်လည်း ယင်း လူ ၇-သိန်း ရွေ့ ပြောင်းစေမှု ဟာ တဖက်နိင်ငံ နှင့် ဒေသဆိုင်ရာလုံခြုံ ရေး (Regional Stability) များ ထိခိုက်စေ သော လုပ်ရပ်တခုဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမ္မဂ လုံခြုံရေး ကောင်စီ (UN Security Council) အနေနှင့်၊ စစ်ရေး နိင်ငံရေး အရ တိုက်ရိုက် စွက်ဖက်မှု များ၊ ပြုခွင့်ရှိတဲ့၊ ပြုလာနိင်တဲ့ အနေအထားတရပ် ရှိပါတယ်။

မြန်မာတပ်မတော် ရော အစိုးရတရပ် အနေနှင့် သတိချပ် ကြရန်မှာ၊ ဒီကိစ္စဟာ လူသားတိုင်းနှင့် သက်ဆိုင်သော နိင်ငံတကာ ပြစ်မှု (International Humanitarian Laws) ကျုးလွန်ချိုးဖေါက်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် (ICC, Rome Statute) မှာ လက်မှတ်ထိုး ထားခြင်း၊ မထိုးထားခြင်း၊ အနေအထားများ နှင့် မသက်ဆိုင်ပါ။ ဒီမှာ ကြုံလို့  ပြောပြရရင် တော့ ICC ဟာ၊ ယင်း ရို-ဘင်္ဂါလီများ ရွေ့ ပြောင်းစေမှုကိစ္စ ကို စုံစမ်းနေချိန် မှာ၊ မြန်မာ အစိုးရထံ ယင်းစုံစမ်းမှု အတွက် အကူအညီပေးပါရန်၊ တရားရုံး မှ ၂၀၁၈ ခု ဇူလိုင်လ ၅-ရက် မှာ မြန်မာနိင်ငံဆိုင်ရာ ဘယ်လဂျီယံ သံအမတ်ကြီးထံ တရားဝင် အကြောင်းကြားခဲ့ပါတယ်။ မြန်မာသံရုံး မှ တောင်းဆိုချက်ကို လက်မခံ၊ ဘာပြန်ကြားချက် မှလည်း တရားဝင် မပေး၊ မြန်မာ အစိုးရမှ (ICC, Rome Statute) လက်မှတ်ထိုးအဖွဲ့ ဝင် မဟုတ်ကြောင်း ကြေငြာချက် ထုတ်ပြန်မှုသာရှိ ခဲ့ကြောင်းသိရပါတယ်။ ဒီမှာ မြန်မာ အစိုးရ အနေနှင့် နားလည်ထားဖို့ က၊ လူ ၇-သိန်းကို တဖက်နိင်ငံ မောင်း ထုတ် ပြီး၊ မသိချင်ယောင် ဆောင်နေကြရုံ နှင့်၊ ဒီ ပြသနာဟာ ပြီးဆုံး ပပြောက် မသွားနိင်ပါ။ တဖက် အုပ်စုမှ စွဲချက်တင်ထားမှု များကိုလည်း၊ ပြည်သူအများ လေ့လာနိင်ကြရန် တင်ပေးထားပါတယ်။

ရှေ့ ဆက်ဘာလုပ်ကြမလဲ

စာရေးသူ (ဦးနေဦး။ ဆစ်ဒနီ) အနေနှင့် ကတော့၊ မေလ ၂၀၁၆ ပြသနာများ မရှုတ်ထွေးလာခင် ကတည်း က၊ (White Cards) ကိစ္စ ဒေါ်စုထံ ယင်း ရို-ဘင်္ဂါလီများ နိင်ငံမဲ့ ဖြစ်နေသည့် အနေအထား (statelessness) တရပ်ကို၊ မြန်မာအစိုးရ အနေဖြင့် ဖြေရှင်း ဆောင်ရွက် ပေးရန် ပန်ကြားခဲ့ပါတယ်။ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)အနေ နှင့်လည်း၊ မြန်မာအစိုးရထံ တိုးတိုးတမျီုး၊ကျယ်ကျယ် တဖုံ ဒီကိစ္စ တိုက်တွန်းမှုများ ရှိခဲ့ပါမယ်။ ဒါတွေကို မသိချင်ဟန်ဆောင် နေခဲ့မှု များဟာ၊ ပြသနာကို ပိုမို ကြီးထွားလာစေမှု ရဲ့ အခြေခံ အကြောင်းရပ်ဖြစ်ပါတယ်။




စာရေးသူ အမြင်မှာတော့ ဒီရို ကိစ္စ မှာ၊ မြန်မာအစိုးရ အဆက်ဆက် အနေ နှင့် ပွင့်လင်းမြင်သာမှု နှင့် မဖြေရှင်းခဲ့ ကြပါ။ ဒါကလည်း ရှေးယခင်ခေတ် ကတော့ အကြောင်းကြီးတခု ရှိနိင်လောက်တယ်ဆိုတာ ခန့် မှန်းလို့  ရနိင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဒီမိုကရေစီခေတ် မှာတော့ အခြား ပြသနာများ မရှိနိင်လောက်ပါ။ လက်ရှိ အနေအထားအရ၊ ရိုဟင်ဂျာ အသုံးအနှုံး သည် တရားမဝင်ကြောင်း၊ ယင်း ဘင်္ဂါလီများသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ကတော့ သေသေချာချာ သိနိင်ကြပါပြီ။ သို့ ရာတွင် ယင်းလူမျိုးစု အနေနှင့် မြန်မာနီင်ငံတွင်း တရားဝင် နေထိုင်ခွင့် ရှိသူများဖြစ်ကြောင်း၊ တိုင်းရင်းသား အဆင့် ပင် မရှိသော်လည်း နိင်ငံသား အဆင့် ရှိသူများဖြစ်ကြောင်း၊ ပြည်သူလူထု အတွင်း ပွင့်လင်းမြင်သာအောင် ပြုလုပ်ရပါမည်။ ယင်းပြသနာများ ဖြစ်ပွားစဉ်၊ တာဝန်ရှိသူများကို ဖေါ်ထုတ်။ လူသတ်မှုကျုးလွန်ခဲ့သူများ ကိုလည်း မလွဲမသွေ အပြစ်ပေးမှသာ၊ ယင်း ပြသနာများ စတင်ရှင်းလင်းမှု ဖြစ်လာနိင်ပေသည်။

မြန်မာလူမျိုး နှင့် နိင်ငံရေး

အမှန်ပြောရရင်တော့၊ မြန်မာ လူမျိုး အများစုဟာ၊ အခြားလူမျီုးများ နှင့်စာလျှင်၊ ယေဘူယျအားဖြင့် နိင်ငံရေး မှာ ထက်မျက် သဘောပေါက်နိင်မှု ရှိကြပါတယ်။ တခုပြောလိုက်ရင် လွယ်လွယ်လည်း သဘောပေါက် တတ်ကြပါတယ်။ ဒါပေမဲ့ အများစုဟာ၊ နိင်ငံရေး နှင့်ပါတ်သက်လိုမှု မရှိ၊ “ရေအိုးစဉ် ဖင်ပေး၊ အေးအေး ပဲနေမယ်” ဆိုသလို၊ ကိုယ် နှင့် မဆိုင်သလို သဘောထား တတ်ကြတယ်။ ဒါက ဟိုဖက် ဦးနေဝင်း စစ်အာဏာရှင် ခေတ် မှာတော့၊ နိင်ငံတော်မှာ ပြသနာရှိရင် ဦနေဝင်း ပဲ ရှင်းပေစေ ထားလို့ ရနိင်ပါတယ်။ ဒီမိုကရေစီ ခေတ်မှာ လက်ရှိနိင်ငံရေး တရပ်ကို ပြည်သူ များ အနေ နှင့် လျစ်လျု ရှုထား၍ မရပါ။ နိင်ငံရေး အမျှော်အမြင် ရှိကြရပါမယ်။ ပြည်သူ တဦးစီတိုင်း နှင့် လူထုလူတန်းစား အဖွဲ့  အစည်းတိုင်း၊ အခြေ အနေမှန် အရပ်ရပ်ကို ချင့်ချိန်ဆုံးဖြတ်နိင် မှု ရှိနိင်ရပါမယ်။ အစိုးရကိုလည်း တိုက်တွန်းသင့်တာများ တိုက်တွန်းနီင်ရပါမယ်။ ရခိုင်-ဗမာ လူမျီုးရေး အစွန်းရောက် များကို ဟန့် တားသင့်သည့် နေရာမှာ ဟန့် တား နိင်ရပါမယ်။ ဒီလို မလုပ်ရင် မြန်မာ အချုပ်အချာ အာဏာထိပါးလာမှု၊ နိင်ငံတော် တည်ငြိမ်ရေးနှင့် ၊ အဓွန့် ရှည်ရေး ကိုပါ ထိပါးမှုတွေ ဖြစ်လာနိင်ပါတယ်။ ပထမ အဆင့် ပြည်သူအများ အခြေအနေမှန် နားလည်ဖို့ ၊ အရေးကြီးလှပါတယ်။ ဒါကြောင့် မြန်မာပြည်သူတိုင်း ပြသနာကို ကိုယ်တိုင်ဆန်းစစ် နိင်ကြစေရန်။ ဒီ ဖေ့ဘုတ် သတင်းကို ( Like, PageLike ) နှင့် ဆက်လက် မျှ ဝေ (Share) ပေးကြပါဆိုတာ မေတ္တာ ရပ်ခံလိုက်ပါတယ်။ ဆက်ဦးမည်။ ဦးနေဦး။ ဆစ်ဒနီမြို့ ။.

မြန်မာနိင်ငံ လက်ရှိလူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ ဥပဒေစာတမ်းများ စုဆောင်းတင်ပြချက်။ PDF
၁။ ၁၉၄၈-ခု ကုလသမ္မဂ ဂျီနီဗာ စာချုပ်။ မိတ္တူမှန်။
The 1948 Geneva Convention (ICJ)
၂။ ၂၀၀၂-ခု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး စာချုပ်။
The 2002 Rome Statute (ICC)
၃။ ၂၀၁၈ အပြည်ပြည်ဆိုင်ရာ တရားရုံး၊ အကြို တင်သွင်းလျှောက်ထားမှု မှ ဆုံးဖြတ်ချက်။
The July 2018, ICC Pre-trial chamber court decision.